၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပေါ် ခွဲခြားဆက်ဆံတာတွေ၊ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်တာတွေ၊ အွန်လိုင်းကနေ သတင်းအမှားဖြန့်ဝေပြီး တိုက်ခိုက်ပြောဆိုတာတွေ၊ လှောင်ပြောင်ပြောဆိုနေတာတွေ စသဖြင့် ဒီလို ကိစ္စရပ်တွေကို မလုပ်ဆောင်ကြဖို့ဆိုပြီး ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀ အွန်လိုင်း လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။
ဒီကမ်ပိန်းက နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုမဟုတ်ပဲ တနိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒနယ် အသီးသီးကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ ကမ်ပိန်းတခုဖြစ်တယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦးမှာဆိုရင် ၁ ဦးက အမျိုးသမီးဖြစ်တည်မှုအပေါ် ခွဲခြားဆက်ဆံခံရတာကြောင်း ပြုစုထားတဲ့ သုတေသနတွေအရ သိရတယ်လို့ Gender Equality Network ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။
အင်တာဗျူး/တည်းဖြတ် – ဇင်မိုးဝါ