မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံရွာအုပ်စု သံနောက်ရွာ ဟန်မြင့်မိုလ်၊ မြို့ကြီး၊ ရွာငံကားလမ်းမဘေးရှိ နှစ်ပေါင်းရာကျော်သက်တမ်းရှိ လက်ပံပင်ကြီးအား ဒေသခံများနှင့် သစ်တောဦးစီးဌာနမှ ဂင်းနစ်စံချိန်တင်နိုင်ရန် လိုအပ်သည့်စစ်ဆေးပြုလုပ်မှုများကို လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
လက်ပံပင်ကြီးသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အစပ် မန္တလေး၊ ရွာငံ ကားလမ်းမဘေး မိုင်တီုင်အမှတ် ၅၂ အနီးတွင် သံရွာကျေးရွာတွင် ရှိကာ ပုံမှန်ထပ်ထူးခြားသည့်အပင်တခုဖြစ်ကာ လက်ရှိတိုင်းတာမှုများအရ ခန့်မှန်း အမြင့်ပေ ၁၁၅ပေခန့် နှင့် လုံးပတ် ၃၅ ပေနှင့် ပေ၄၀ ဝန်းကျင် အထိရှိနိုင်ကြောင်း နှင့် ဂင်းနစ်စံချိန်ဝင်နိုင် မဝင်နိုင်ပြောရန်စောနေသေးကြောင်း လိုအပ်သည့် စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်သွားရအုန်းမှာဖြစ်ကြောင်း ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ သိရသည်။
သာမှန်ထက်ထူးခြားပြီး ကြီးထွားနှုန်းပိုမိုနေသည့် လက်ပံပင်ကြီးအား ဂင်းနစ်စံချိန်ဝင်ခြင်း မဝင်ခြင်းထက် အများပြည်သူများ လေ့လာနိုင်ရန် အမွေအနှစ်တခုအနေဖြင့် သက်ဆိုင်ရာ ဒေသခံများ ဒေသအာဏာပိုင်များနှင့် သစ်တောဦးစီးဌာနမှ လုပ်ဆောင်သွားရန်စီစဉ်နေကြောင်းသိရသည်။
ရိုက်ကူး -ဇော်ဇော်/ဧရာ၀တီ
တည်းဖြတ် – ငြိမ်းဇော်