ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဇွန်လ ၂၀ ရက်နေ့ညက လက်နက်ကိုင်တွေဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၄ ဦးကို ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်ခံရတဲ့ နေအိမ်ဟာ ညောင်ပင်သာရပ်ကွက်၊ အင်းယားကုန်းဘက်မှာရှိတဲ့ ဦးဝင်ဇော်ဦးနဲ့ ဒေါ်စန်းစန်းမော်တို့ရဲ့ နေအိမ်ဖြစ်ပြီး ၂၀ ရက်နေ့ည ၈ နာရီနဲ့၉ နာရီ ကြားထဲမှာ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် ဦးဝင်းဇော်ဦး၊ ဒေါ်စန်းစန်းမော်နဲ့သူတို့ရဲ့သားဖြစ်သူ ကိုသီဟအောင်အပြင်၊ ဆွေမျိုးတော်စပ်သူယာဉ်မောင်း ကိုဇော်ဇော်လည်း သေဆုံးခဲ့ရပါတယ်။
မိသားစုဝင် ၄ ဦးကို သတ်ဖြတ်ခဲ့သူတွေဟာ စစ်ကောင်စီရဲ့တပ်သားတွေဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောဆိုကြပေမယ့် မြဝတီရုပ်သံမှာတော့ အကြမ်းဖက်မှုကို လိုလားသူတွေက လုပ်ခဲ့တာလို့ ကြေညာသွားခဲ့ပါတယ်။
ကလေးမြို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကတော့ ဒီအကြမ်းဖက်လုပ်ရပ်ကို သူတို့လုပ်တာမဟုတ်ဘူးလို့ စာထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ညောင်ပင်သာရပ်ကွက်နေပြည်သူတဦးကတော့ အခုလိုရှင်းပြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup