ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၂ ခုအတွင်းကို အာဏာသိမ်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လူထုနေထိုင်ရာ ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တာတွေကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
မြေပြင် ရင်ဆိုင်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုတွေများလာတဲ့ အာဏာသိမ်းတပ်ဟာ KNU တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဒူးပလာယာ ခရိုင်ထဲက ကော့ကရိတ်မြို့နယ်နဲ့ တပ်မဟာ ၅ နယ်မြေဖြစ်တဲ့ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်တို့မှာ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ၂ ပတ်အတွင်း လေယာဉ်နဲ့ ၇ ကြိမ် ဗုံးကြဲတာ အပါအဝင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup