စစ်အာဏာမသိမ်းခင် ကူးစက်မှုနှုန်း တစ်ရာခိုင်နှုန်းအောက် အထိကျဆင်းသွားပြီး ပပျောက်လုနီးပါးဖြစ်နေတဲ့ ငှက်ဖျားရောဂါဟာ အာဏာသိမ်းပြီး သုံးနှစ်အကြာမှာတော့ ကူးစက်မှုနှုန်းဟာ တဟုန်ထိုး တိုးလာပါတယ်။
အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်တော်လှန်နေတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ မရောက်အောင် တားစီးနေမှုဟာ ငှက်ဖျားရောဂါပြန်လည် ခေါင်းထောင်လာရတဲ့ အဓိက အကြောင်းအရင်းဖြစ်နေပါတယ်။
လက်ရှိ အချိန်မှာ မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ စစ်ရေးတင်းမာမှု တွေရှိနေပြီး စစ်ရှောင်တွေလည်း တနေ့တခြား တိုးလာနေပါတယ်။ ဒီလိုလူတွေ ရဲ့ကြားမှာ ငှက်ဖျား အန္တရယ်က အခြားခြားသော ပြဿနာတွေလိုပဲ မလွဲမသွေ ရင်ဆိုင်ရမယ့် ပြဿနာ တခုဖြစ်နေပါပြီ။