ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စသည့် ခေါင်းစဉ်များ ထည့်သွင်း ဆွေးနွေးမည့် မြန်မာ ပြည်သူ့ဖိုရမ်ကို ဒီဇင်ဘာ ၂၈ မှ ၃၀ ရက်အထိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်မည် ဖြစ်ကြောင်း ဖိုရမ် လုပ်ငန်း အဖွဲ့ အတွင်းရေးမှူးရုံး တာဝန်ခံ ဦကျော်လင်းဦး၏ ပြောကြားချက်ကို ဘီဘီစီ သတင်း၌ ဖော်ပြထားသည်။ ဖိုရမ် တက် ရောက်ရန် အရပ်ဘက် အဖွဲ့အစည်း ၂၀၀ ကျော်မှ လူ ၅၀၀ ခန့် စာရင်းပေးထားကြောင်း၊ ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့အား အဖွင့်မိန့်ခွန်း ပြောကြားပေးရန် ဖိတ်ကြားထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။