• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဂူးဂဲလ်ရဲ့ အိုအက်စ် ဗားရှင်း အသစ် Andioid 5.1 Lollipop မိတ်ဆက်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
24 February 2015
in ဆောင်းပါး
A A
Andioid 5.1 Lollipop ဖုန်း
2.4k
VIEWS
Share on FacebookShare on Twitter

Android OS တွေကို ဂူးဂဲလ်ကနေ ရေးသားဖြန့်ချိ ထားတာဖြစ်ပြီး အခုနောက်ဆုံး ဖြန့်ချိထားတဲ့ ဗားရှင်းက 5.1 Lollipop ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်စမတ်ဖုန်းတွေနဲ့ တက်ဘလက် တွေကိုလည်း Nexus နာမည်နဲ့ ထုတ်လုပ်ထား ပါတယ်။

သူ့ရဲ့ ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ ထုတ်လုပ်မှုတွေကိုတော့ ဂူးဂဲလ်က ကိုယ်တိုင် မထုတ်လုပ်ပါဘူး။ ကွန်ပျူတာ လောက၊ မိုလ်ဘိုင်းဖုန်းလောကရဲ့ အထင်ကရ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Asus, HTC, Samsung, LG, motorola စတဲ့ ကုမ္ပဏီတွေက တာဝန်ယူ ထုတ်လုပ် ပါတယ်။

RelatedPosts

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.3k
ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

22 May 2025
1.1k
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
563

ဥပမာ သူ့ရဲ့ Nexus 4 ဆိုရင် LG Electronics က, Nexus 5 ဆိုရင် LG Electronics က၊ Nexus 6 ဆိုရင် Motorola Mobility က၊ Nexus 10 ဆိုရင် Samsung Electronics ကနဲ့ အခု နောက်ဆုံး ထုတ်ထားတဲ့ Nexus 9 က HTC, နောက်ထုတ်မယ့် Nexus 10 ဆိုရင် HTC က ထုတ်ပါတယ်။ လတ်တလော ထုတ် လုပ်ထားတဲ့ Nexus 6 စမတ်ဖုန်းနဲ့ Nexus 9 တက်ဘလက်တွေ ကတော့ Andioid 5.0 Lollipop OS ကို တပါတည်း ထည့်သွင်း ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီအမျိုးအစားတွေ ရှိနေပြီးသူတွေ အတွက် 5.0 Lollipop ကို upgrade လုပ်စရာ မလိုပါဘူး။ အခု upgrade လုပ်လို့ရတာက Nexus 5, Nexus 4,Nexus 7,Nexus 10 စမတ်ဖုန်းနဲ့ တက်ဘလက်တွေ ဖြစ်ပါတယ်။

တခြား ဆမ်ဆောင်း၊ LG ၊ ဆိုနီ ၊ HTC စ တဲ့ဖုန်းတွေ ကတော့ မူရင်းအင်းဒရိုက် အိုအက်စ်တွေကို သူတို့ရဲ့ ထုတ်ကုန် တွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတာ၊ အသုံးဝင်တဲ့ App တွေကို ထပ်တိုး ထားတာမျိုးတွေ ရှိနေတဲ့ အတွက် မူရင်းပစ္စည်းထုတ်လုပ် သူတွေကနေ ဖြန့်ချိတဲ့ 5.1 Lollipop ထွက်လာတဲ့ အထိ စောင့်တာ ပိုကောင်း ပါတယ်။ Nexus ပစ္စည်းတွေ ကတော့ ဂူးဂဲလ်ကပဲ ထုတ်လုပ် ထားလို့ အဲဒီပစ္စည်းတွေက အရင်ဆုံး upgrade လုပ်နိုင်တာ ဖြစ်ပါတယ်။

Andioid OS တွေရဲ့ အဓိကကျတဲ့ မူရင်း လုပ်ဆောင်ချက်တွေ ကတော့ Nexus ပစ္စည်းတွေ ဖြစ်ဖြစ်၊ တခြား ထုတ်ကုန်တွေ သုံးခဲ့ရင် ဖြစ်ဖြစ် အတူတူ နီးပါးလောက် မြင်တွေ့သုံးစွဲနိုင်ပါ လိမ့်မယ်။

OS (Operating System) တွေဟာ စက်ပစ္စည်း တခုလုံးရဲ့ လုပ်ဆောင်မှုအားလုံးကို ထိန်းချုပ်လုပ်ဆောင် ပေးတာ ဖြစ်ပြီး၊ အရင်ဗားရှင်းက အားနည်းချက်၊ ချို့ယွင်းချက်တွေကို ပြုပြင်ပြောင်းလဲတာမျိုး တွေနဲ့ လိုအပ် ချက်တွေ ရှိနေခဲ့ရင် အဲဒီ လိုအပ်ချက်တွေကိုပါ ထပ်တိုး လုပ်ဆောင်ပေးလေ့ရှိ ပါတယ်။

အကြမ်းဖျင်း ပြောရရင်တော့ ဗားရှင်းနိမ့်တဲ့ OS တွေမှာ အခက်အခဲဖြစ်နေတာ ကိုင်တွယ်သုံးရတာ အဆင် မပြေတာ တွေဟာ ဗားရှင်းအမြင့်ကို ပြောင်းလဲ သုံးခဲ့ရင် အဆင်ပြေ သွားလေ့ ရှိပါတယ်။

အဲဒီမှာ သတိထားစရာ တခုက ပြုပြင်ပြောင်းလဲမှု နည်းနည်းပဲ လုပ်ပေးတာမျိုးကို x 4. X x ဥပမာ 4.1.2, 4.1.5 စသဖြင့် နံပါတ်ပေး ဖြန့်ချိလေ့ ရှိပြီး Version 4.0 ကနေ 5.0 လို တဆင့် တိုးလိုက်တာမျိုး ကတော့ ပြုပြင်ပြောင်းလဲမှု များများစားစား လုပ်ဆောင်ထားလို့ ဖြစ်ပါတယ်။

နောက်ထပ်သိထားသင့်တာ တခု က Windows အိုအက်စ်တွေက လိုင်စင်ဗားရှင်း၊ Mac OS တွေက သူ့ရဲ့ ကိုယ်ပိုင် Mac book Air, Mac Book Pro, Mac pro, iOS တွေက Mac ရဲ့ iPad, iPhone တွေ အတွက် ကိုယ်ပိုင်ထုတ်လုပ် ထားကြတာ ဖြစ်ပါတယ်။

အင်းဒရိုက် အိုအက်စ်နဲ့ Linux (လိုင်းနပ်စ်) အိုအက်စ် တွေကတော့ open source အမျိုး အစားတွေ ဖြစ်ပါ တယ်။ သင့်အနေနဲ့ Windows OS တွေ၊ Mac OS တွေကို ပြု ပြင်ပြောင်းလဲ ထုတ်လုပ်ခွင့် မရှိပါဘူး။

လိုင်းနပ်စ်တွေနဲ့ အင်းဒရိုက် အိုအက်စ်တွေ ကတော့ ပြုပြင်ပြောင်းလဲ ထုတ်လုပ်ခွင့် လုပ်ပိုင်ခွင့် ရှိနေပါတယ်။၂၀၁၅ ထဲမှာ ထုတ်လုပ်မယ့် စမတ်ဖုန်းတွေနဲ့ တက်ဘလက်တွေက တော့ Android 5.1 Lollipop အိုအက်စ် သုံး ထုတ်လုပ်ကြပါ လိမ့်မယ်။

Android 4.4 kitkat ပြဿနာ

Android 5.1 Lollipop ဟာ လုပ်ဆောင်ချက် အသစ်တွေ အမြောက်အများ ထည့်သွင်းပေးပြီး၊ အရင် ဗားရှင်းရဲ့ ချို့ယွင်းချက် အသေး စားတွေကို ပြုပြင်ထားတဲ့ ပြင်ဆင်ချက် အနည်းငယ် ပါပါတယ်။

Android 4.4 kitkat နဲ့ Android 4.4 4 kitkat သုံး ထားတဲ့ Nexus ပစ္စည်းတွေမှာ ဖြစ်ခဲ့တဲ့ ချို့ယွင်း ချက်တွေ အထူးသဖြင့် Nexus 4 မှာ ဖြစ်တဲ့ ချို့ယွင်း ချက်တွေကို ပြုပြင် ပေးထားပါတယ်။

ဂူးဂဲလ်ကနေ သင့်ပစ္စည်းတွေမှာ ဖြစ်တဲ့ ပြဿနာ အားလုံးကို ဖြေရှင်း ပေးနိုင်မယ် လို့တော့ အာမမခံ ထား ပေမယ့် အခု ဗားရှင်းအသစ်ကို ဒေါင်းလုတ် လုပ်၊ Install လုပ်တဲ့ လုပ်ဆောင်မှု ပြီးသွားခဲ့ ရင်တော့ ပြဿနာ တော်တော် များများ ဖြေရှင်းပေးနိုင်မယ် လို့ ပြောထား ပါတယ်။

အခုစမ်းသပ်မှုရဲ့ အတွေ့အကြုံ အရတော့ Android 5.0 ကနေ ပြဿနာ ကြီးကြီးမားမား ဖြစ်တာမျိုး မရှိတာ တွေ့ရပါတယ်။ တွဲပါလာတဲ့ဂူးဂဲလ်ရဲ့ ဆော့ဖ်ဝဲ အသစ်တွေကလည်း အဆင်ပြေ ပါတယ်။ Nexus သုံးစွဲသူ အများစု ကလည်း အဆင်ပြေတယ် ဆိုတဲ့ ပြောသံ ကြားရပါတယ်။

စွမ်းဆောင်ရည်အတွက်ပို ကောင်းအောင်

သင့်အနေနဲ့ Wi-Fi, blue-tooth, ဘက်ထရီသက်တမ်း၊ LTE, ပျမ်းမျှ စွမ်းဆောင်ရည် စတဲ့ ကိစ္စတွေနဲ့ ပတ် သက်ပြီး အရင်က Android 4.4 kitkat နဲ့ သူ့ထက် နိမ့်တဲ့ ဗားရှင်းတွေမှာ အဆင်မပြေတာတွေ၊ နှေးတာ၊ ရပ်တန့်သွားတာမျိုး ကြုံတွေ့ ခဲ့ရရင် Android 5.0 Lollipop ကို ပြောင်းသုံးသင့်ပါတယ်။ ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေ အတွက် လုပ်ဆောင်တဲ့ Wi-Fi, blue tooth နဲ့ ဆဲယ်လူလာ ဒေတာတွေ ဆက်သွယ် လုပ်ဆောင်တဲ့ အပိုင်း ပိုကောင်းလာတာ တွေ့ရပါ တယ်။

Android 5.0 Lollipop ဟာ တော်တော်မြန်ပြီး၊ ဆော့ဖ်ဝဲပိုင်း ဆိုင်ရာတွေရဲ့ လုပ်ဆောင်မှု ဒီဇိုင်းပိုင်း ပိုစိတ်ချ ရလာပြီး၊ သိသာတဲ့ အမြန်နှုန်း၊ ဆက်သွယ်ဆောင်ရွက်မှု အပိုင်း ပိုအဆင်ပြေမှုတွေ တွေ့ရပါတယ်။ install လုပ်နေတဲ့ အပိုင်းမှာ လည်း နှေးကွေး၊ ရပ်တန့်သွားတာမျိုး မကြုံခဲ့ရပါဘူး။

သူ့မှာ တွဲပါလာတဲ့ ဆော့ဖ်ဝဲတွေကနေ စမတ်ဖုန်းရဲ့ ဘက်ထရီ သုံးစွဲမှုကို ချွေတာအောင် လုပ်ဆောင်ပေး ထားတဲ့ အတွက် ဘက်ထရီ သုံးစွဲနိုင်ချိန်ကို မိနစ် ၉၀ လောက် တိုးစေတယ် လို့ ဂူးဂဲလ်က ပြောထားပါတယ်။

သင့်အနေနဲ့ အင်းဒရိုက်ရဲ့ အရင် ဗားရှင်းတွေ သုံးခဲ့တုန်းက၊ သုံးနေခဲ့တဲ့သူ ဖြစ်ပြီး စွမ်းဆောင်ရည်နိမ့်၊ နှေးကွေးနေ တာမျိုး ကြုံခဲ့ရတယ်၊ ကြုံနေရတယ် ဆိုရင် အခုအသစ် ထွက်လာတဲ့ Android 5.0 ကို upgrade လုပ်သင့်ပါတယ်။

ပြင်ဆင်ဆောင်ရွက်စရာ

Android 5.0 Lollipop up-date ကို upgrade လုပ်မယ် ဆိုရင် သင့် အနေနဲ့ ပြင်ဆင် ဆောင်ရွက်စရာ ရှိတာတွေကို ပြင်ဆင်ဆောင်ရွက် ထားဖို့ လိုပါတယ်။ စမတ်ဖုန်းတွေ၊ ဒါမှမဟုတ် brand တွေ မတူခဲ့ရင် upgrade လုပ်ဆောင်တဲ့ နည်းလမ်း၊ အဆင့်တွေ တူညီမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေခံကျတဲ့ လုပ်ဆောင်မှုတွေနဲ့ ပြင်ဆင် ဆောင်ရွက် ရမယ့် လုပ်ဆောင်ချက်တွေက အတူတူပဲ ဖြစ်ပါတယ်။

အရေးကြီးတာက သင့်ရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို၊ လိုအပ်တဲ့ ဖိုင်တွေကို အရင် backup လုပ်ထားရပါမယ်။ ဒါမှ install တဲ့ အချိန်မှာ အကြောင်း အမျိုးမျိုးနဲ့ ချို့ယွင်းမှု တခုခုဖြစ်ခဲ့ရင် သင့်ရဲ့ဒေ တာတွေ စိတ်ချလက်ချ ရှိနေမှာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ Andro- id 5.1 ဟာ အရင်က ဗားရှင်းတွေမှာ သုံးခဲ့ရတာနဲ့ ကွာခြားမှုတွေ ရှိနေတဲ့ အတွက် သင် လုပ်ဆောင်ဖို့ အချိန်ပေး လေ့လာဖို့ လိုအပ်ပါမယ်။

သင့်အနေနဲ့ Android 5.0 ကို upgrade လုပ်ခဲ့ပြီး ရင်တော့ သင့်ရဲ့ ပြဿနာတွေကို ဖြေရှင်း ပေးနိုင်တာ တွေ့ရမှာဖြစ်ပြီး၊ upgrade လုပ်ရကျိုး နပ်ပါလိမ့်မယ်။

Android 5.1

Android Lollipop 5.0 ကို မိတ်ဆက်ဖို့ ရေးနေတဲ့ အချိန်မှာပဲ Android Lollipop 5.0.1, 5.0.2 ကို ဖြန့်ချိ ထားပြီး၊ နောက်ဆုံး update ဖြစ်တဲ့ ဗားရှင်း 5.1 ကိုတော့ ဖေဖော်ဝါရီ ၄ ရက်နေ့က ဖြန့်ချိထားပါတယ်။ အရင်က update တွေ လိုပဲ အရင်ဆုံး သုံးစွဲခွင့် ရတာက Nexus ဖုန်းတွေနဲ့ တက်ဘလက်တွေပဲ ဖြစ်ပါ တယ်။

အဲဒီ ဗားရှင်း 5.1 ဟာ သူ့အရင်က ဗားရှင်း 5.0 မှာ Nexus သုံးစွဲသူတွေ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ ဖြန့်ချိထားတာ ဖြစ်ပါတယ်။

ဗားရှင်း 5.0 ကို အသေးစား ပြောင်းလဲမှုတွေ လုပ်တဲ့ 5.0.1, 5.0.2 စသဖြင့် လုပ်ရုံနဲ့ မလုံလောက်တော့လို့ ဗားရှင်း 5.1 ကို ဖြန့်ချိတာ ဖြစ်ပါတယ်။

ဂူးဂဲလ်ဟာ အင်းဒရိုက်ဗားရှင်း 5.0 ကို ဖြန့်ချိခဲ့ရာမှာ လုံလောက်တဲ့ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဖို့ အချိန် မရခဲ့ဘူး လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗားရှင်း 5.0 မှာ Slient လုပ်ဆောင်ချက် ပါမလာလို့ ဗားရှင်း 5.1 ကျမှ အဲဒီ လုပ်ဆောင်ချက်ကို ပြန်ထည့်ပေးထားတာ တွေ့ရပါတယ်။

Android 5.1 က ဘာတွေ ထူးသလဲ

အစောပိုင်း ရေးခဲ့ပြီးသလို ဗားရှင်း 5.0 ကျန်ခဲ့တဲ့ Slient mode ကို ပြန်ထည့်ထား ပါတယ်။ RAM, ဘက်ထရီ သုံးစွဲမှု စီမံခန့်ခွဲ လုပ်ဆောင်ရာမှာ ပိုထိ ရောက်အောင် လုပ်ဆောင်ထားပါတယ်။

အရင်ဗားရှင်း မှာတုံးက App တွေ ရုတ်တရက် ပိတ်သွားတာနဲ့ ဝိုင်ဖိုင်သုံး ဆက်သွယ်တဲ့ device တွေ ကြိုးမဲ့ ဆက်သွယ်မှု ဆိုင်ရာ ပြဿနာ ဖြစ်ခဲ့တာ တွေ၊ ဂူးဂဲလ်ရဲ့ OKay လုပ်ဆောင်ချက်၊ notification နဲ့ သက်ဆိုင်တဲ့ ချို့်ယွင်း ချက်၊ တချို့် ပစ္စည်းတွေ ချိတ်ဆက် သုံးရာမှာ ဖြစ်ခဲ့တဲ့ အသံပိုင်းဆိုင်ရာ ကိစ္စတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတာ လို့ သိရပါတယ်။ စွမ်းဆောင် ရည်ပိုင်း ဆိုင်ရာ တိုးတက်အောင်နဲ့ တချို့ လုပ်ဆောင်ချက် ပြောင်းလဲလုပ်ဆောင် ပေးထားတယ် လို့လည်း သိရပါ တယ်။

Update ပြဿနာ

Android OS ရဲ့ သဘောကိုက open source ဖြစ် နေတဲ့ အတွက် Android Tablet, Android OS သုံး ဖုန်းတွေက ထုတ်လုပ်သူတွေနဲ့၊ မော်ဒယ်တွေ အများကြီး ကွဲပြားနေသလို အဲဒီ ဖုန်းထုတ်လုပ်သူ တွေက မူရင်းအင်းဒရိုက်ကိုပဲ ပြုပြင် ပြောင်းလဲမှုတွေ သူတို့ဘာသာ လုပ်ထားတာတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီ အတွက် မူရင်းထုတ်လုပ်သူ ရဲ့ update တွေ ထုတ်လုပ်တဲ့ အထိ စောင့်ဖို့ လိုပါတယ်။ အခုလောလောဆယ် ဖြန့်ချိ ထားတာက Nexus 5 အတွက် Build LMY 29C, Nexus 6 အတွက် Build LMY 29D, Nexus 9 အတွက် Build LMY 22E စတာ တွေကိုပဲ ဖြန့်ချိ ထားပါသေးတယ်။

Android One

ဂူးဂဲလ်ကနေ Nexus One ကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ တော်တော် စောစောကတည်းက ပါ။ အခု Android One ဆိုပြီး ထုတ်ထားပြန်ပါတယ်။ အဲဒီ Android One က အိန္ဒိယနိုင်ငံ အတွက် ရည်ရွယ်ပြီး ပေါချောင်ကောင်း သုံးနိုင် အောင် ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခု ဒုတိယ ဦးစားပေး ရည်ရွယ်ထားတာက အင်ဒိုနီးရှားနိုင်ငံ အတွက် ဖြစ်ပါတယ်။ အင်းဒရိုက် 5.1 ကို အတည်ပြု ကြေငြာခဲ့တာ လည်းဂူးဂဲလ်ရဲ့ အင်ဒိုနီးရှားဝက်ဘ်ဆိုက် ကနေ ကြေငြာ ခဲ့တာ ဖြစ်ပါတယ်။ အဲဒါအပြင် အင်းဒရိုက်ဗားရှင်း 5.1 သုံးထားတဲ့ အင်းဒရိုက်ဝမ်းက ဗားရှင်း 5.1 သုံးထားတဲ့ ပထမဦး ဆုံး အင်းဒရိုက် ဖုန်းဖြစ်နေပါတယ်။ အဲဒီ အတွက် အင်းဒရိုက် အိုအက်စ် ဗားရှင်း 5.1 သုံးချင်ရင် Nexus နဲ့ Android One ကို ဝယ်သုံးရမလို ဖြစ်နေပါတယ်။

Windows Phone 10 နဲ့ အပြိုင်

Windows Phone 10 ဟာ စားပွဲတင် ကွန်ပျူတာသုံး ဝင်းဒိုးစ် ၁၀ နဲ့ အပြိုင်ဈေး ကွက်တင်မှာ ဖြစ်ပြီး မိုက်ခရိုဆော့ဖ် က သိပ်မကြာခင်မှာ ဈေးကွက် တင်ပါလိမ့်မယ်။ အဲဒီ ဝင်းဒိုးစ်ဖုန်း ၁၀ မထွက်ခင် အင်းဒရိုက်က စောစောစီးစီး ကြိုကန် ထားတာလား မသိရပါ။ သူရဲ့ အင်းဒရိုက်အိုအက်စ် တွေကို အလောသုံးဆယ် ဖြန့်ချိ နေတာ တွေ့ရပါတယ်။

Android 5.1 ကိုရွေး install လုပ်ပါ

Android 5.0 က install လုပ်တဲ့ အချိန်မှာ Nexus ပစ္စည်းတွေထဲက ဒေတာတွေကို ဖျက်ပြီး လုံးဝ အသစ် install လုပ် (clean install) လုပ်တာကို ပြင်ဆင် ပေးထားလို့ ဖြစ်ပြီးနောက် တချက်ကတော့ Nexus 7 (2013) သုံးစွဲသူတွေ Android 5.0 install လုပ်ပြီးတဲ့အခါ ဗွီဒီယိုဖိုင်တွေနဲ့ ပတ်သက်တဲ့ ဖိုင်တွေ ဖွင့်မရတာ၊ အဆင်မပြေတာ တွေကို 5.0 မှာ ပြင်ဆင်ပေးထားလို့ Android 5.0 ကို ရွေး install လုပ်သင့်ပါတယ်။

တကယ် တန်းမှာတော့ Android 5.0 ကို install လုပ်မယ့် အစား 5.0 ကို ထပ်ပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ထားတဲ့ Android 5.1 ကို စောင့်ပြီး install လုပ်သင့် ပါတယ်။

စမတ်ဖုန်းတွေကို သာမန် သုံး စွဲသူတွေ ကတော့ ရှိပြီးသား အင်းဒရိုက်တွေနဲ့တင် လုံလောက်နေတာပဲ update တွေ ဘာတွေ မလုပ်လည်း သုံးလို့ရနေတာပဲ လို့ ပြောကြပါ လိမ့်မယ်။ ဆောဖ့်ဝဲတွေ အိုအက်စ် တွေဟာ ဗားရှင်းမြင့်လေ၊ သုံးရ အဆင်ပြေလေ စွမ်းဆောင်ရည် ပို ကောင်းလာလေလို့ အကြမ်းဖျင်း ယူဆ နိုင်ပါတယ်။

ဖုန်းတွေနဲ့ တိုက်ရိုက် မဆိုင် ပေမယ့် ကျွန်တော်တို့ဆီမှာ စားပွဲတင် ကွန်ပျူတာတွေကို အခုအထိ PageMaker လို၊ Microsoft Office 7 လို ဗားရှင်းအနိမ့် တွေကို ဇွတ် ပေသုံးနေကြ တာတွေ့ ရပါတယ်။

တချို့ကလည်း ဗားရှင်းအသစ် စမ်းသုံးဖို့ ရွံ့ နေတတ်ကြပါတယ်။ Page-Maker ဆိုရင် Adobe ကနေ ဝက်ဘ်နဲ့ သဟဇာတ မဖြစ်လို့ လုံး၀ ရပ်ဆိုင်းထားတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး၊ undo တောင်မှ တကြိမ်ပဲ လုပ်လို့ ရပါတယ်။

Office ဗားရှင်း အနိမ့်တွေ ဟာလည်း ဝက်ဘ်ရဲ့ ပုံတွေ၊ Link တွေ၊ နေရာချထားတဲ့ ပုံစံတွေ မကိုက်ညီတာ တွေကို ဗားရှင်း အသစ်မှာ ပြုပြင် ပြောင်း လဲထားခဲ့တာ ဖြစ်ပါတယ်။ အင်းဒရိုက်လည်းအလား တူပါပဲ။

ကျနော်ကတော့ မဖြစ်နိုင်သေးလို့သာ စောင့်ကြည့် နေရတယ်၊ ဖြစ်နိုင်ရင်တော့ ဗားရှင်းအမြင့်ကို ပြောင်းသုံး ချင် ပါတယ်။ စာဖတ်သူတွေကို ဗားရှင်းအမြင့် ပြောင်းသုံးဖို့ အတင်းမတိုက်တွန်းလိုပါ။

ဒါပေမယ့် နည်းပညာ အကြောင်း မိတ်ဆက် ရေးသားနေတဲ့သူ တယောက် အတွက် ကတော့ ဖုန်းနဲ့ ပတ်သက်တဲ့ ဟာဒ့်ဝဲ ပစ္စည်းတွေ အသစ်ထွက်ရင်၊ ဆောဖ့်ဝဲတွေ အသစ်ထွက်ရင် မိတ်ဆက်ရေးသားဖို့ လိုတဲ့ အတွက် Android OS Version အသစ် Lollipop 5.1 မိတ်ဆက် ရေးသားလိုက်ရပါတယ်။ ။

Your Thoughts …
Tags: Technology
ဖိုးနိုင်ဝင်း (မာစတာပိစ်)

ဖိုးနိုင်ဝင်း (မာစတာပိစ်)

Contributor

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
18.9k

ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။

Drone, မိတ္ထီလာ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်, အိုင်တီနည်းပညာ,

မြန်မာတွေ စိတ်ထက်သန်စွာ သုံးလာတဲ့ Drone

by AFP
15 January 2016
5.1k

ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံအချို့တွင် Drone အသုံးပြုခြင်းကို တင်းကျပ်စွာ ထိန်းချုပ် ထားသည်။ သို့သော်လည်း ဖွံ့ဖြိုးလာနေသည့် Drone ကိစ္စနှင့် ပတ်သက်၍ နေရာအများ အပြားတွင် ယခုအချိန်အထိ ဥပဒေအရ ထိန်းချုပ် ထားနိုင်ခြင်း မရှိသေးပါ။...

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
13 October 2014
8.7k

အဲဒီဖုန်းကို သင် ဘယ်လောက် အထိ အသုံးချသလဲ ဆိုတာ ဆင်ခြင် ကြည့်သင့် ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းကို ကြူဖို့ ကြောင်ဖို့ပဲ သုံးဦးမှာလား၊ အကျိုးရှိရှိ သုံးမှာလား သင့် ဘာသာသင် ဆုံးဖြတ်ပါတော့။

Next Post
အလုပျသမား

ရွှေပြည်သာ ဆန္ဒပြ အလုပ်သမားများကို ရန်ကုန်တိုင်း အစိုးရ ထပ်မံသတိပေး

မဲဆွယ်ရာတွင် လွှတ်တော်၊ အစိုးရနှင့် တပ်မတော်ကိုမဝေဖန်ရဟုဆို

မဲဆွယ်ရာတွင် လွှတ်တော်၊ အစိုးရနှင့် တပ်မတော်ကိုမဝေဖန်ရဟုဆို

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate