ပြီးခဲ့တဲ့ နှစ်အတွင်းကမှ ဒီဇိုင်းဆွဲပြီး MX-5 Miata ရဲ့မော်ဒယ်ခွဲအနေနဲ့ နောက်ထပ်ရွေးချယ်နိုင်စရာ များပြားလာအောင် MX-5 Miata RF အဖြစ် ထုတ်လုပ်လာတာ ဖြစ်ပါတယ်။
ထူးခြားချက်ကတော့ အမိုးပိုင်းမှာ အခြား MX-5 Miata မော်ဒယ်တွေက အမိုးတခုလုံး အသိမ်းအထုတ် လုပ်နိုင်ပေမယ့် အခု MX-5 Miata RF ကတော့ ခရီးသည်ခန်းအပေါ်က အမိုးလောက်ကိုပဲ ခေါက်သိမ်းနိုင်မှာ ဖြစ်ပြီး အမိုးချထားတဲ့ အ ချိန်ထိအောင် အမိုးသား တခုလုံး သိမ်းထားသလို ဖြစ်နေမှာ မဟုတ်ပါဘူး။
မော်ဒယ်က အားသာချက်တွေအဖြစ်နဲ့ ရွေးချယ်နိုင်စရာ ကိုယ်ထည် အများအပြားရှိအောင် ထုတ်လုပ်ထားတယ်၊ နောက် ပြီး အမိုးအသေတပ် နှစ်ယောက်စီး ကိုယ်ထည်အနေနဲ့ပါ လိုချင်တယ်ဆိုရင်ရအောင် ထုတ်လုပ်ထားပြီး Converible ပုံစံ မဟုတ်ဘဲ ရနိုင်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ ပုံမှန် Miata မော်ဒယ်တွေထက်လည်း နည်းနည်း ပိုမြန်ပါတယ်။
နောက်ဆုံး သဘောကျစရာကောင်းတဲ့အချက်ကတော့ အမိုးကို လျှပ်စစ်စနစ်နဲ့ အသိမ်းအထုတ် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး အမိုးသိမ်းခန်းကြောင့် ခရီးသည်ခန်း ကျဉ်းသွားတာ၊ နောက်ဘက်ဝန်တင်ခန်း ကျဉ်းသွားတာမျိုးတွေမရှိဘဲ အတွင်းခန်း တွေ ကျယ်ဝန်းတာ တွေ့ရပါတယ်။
ဒါပေမယ့် အခု MX-5 Miata RF မော်ဒယ်က ပုံမှန် Miata မော်ဒယ်တွေထက်တော့ ကိုယ်ထည်ပိုင်းက နည်းနည်း ပိုလေး ချင်နေပါတယ်။ ပြီးတော့ အမိုးတခုလုံး သိမ်းလိုက်နိုင်မှာ မဟုတ်လို့ အမိုးဖွင့် မော်ဒယ်စစ်စစ်လိုချင်သူတွေအတွက်ကတော့ စိတ်ကြိုက် မဖြစ်နိုင်ပါဘူး။
နောက်ဆုံးတချက်ကတော့ ကိုယ်ထည်အရွယ်အစားနဲ့စာရင် အတွင်းခန်း ကျယ်ဝန်းတယ်ဆိုပေမယ့် အသေးစား ကိုယ်ထည် နဲ့ ဖြစ်နေလို့ အတွင်းခန်းက အရမ်းတော့ မကျယ်ပါဘူး။ ခရီးဝေးမောင်းနှင်မှုတွေအတွက် အဆင်ပြေ၊ မပြေ စစ်ဆေး ဝယ်ယူ ဖို့ သင့်ပါတယ်။
အခုနှစ် မော်ဒယ်က Sport ကားတန်းဝင် အမိုးဖွင့် မော်ဒယ်အနေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး အမိုးအနေအထားကြောင့် မော် ဒယ်ကို မောင်းနှင်နေချိန်မှာ ရှေ့ဘက်လေကို ခွင်းရမှုအတွက် အရှိန် မြှင့်တင်နိုင်မှု အားနည်းခြင်းကို ပြင်ဆင်နိုင်အောင် အမိုး ကို အားလုံး မဟုတ်ဘဲ တဝက်တပျက်လောက်ပဲ သိမ်းနိုင်အောင် ဖန်တီးထားတဲ့ မော်ဒယ်ပါ။
အမိုး အသိမ်းအထုတ်ကို လျှပ်စစ်စနစ်နဲ့ လုပ်ဆောင်နိုင်အောင် ဖန်တီးထားပါတယ်၊ အင်ဂျင်ပိုင်းမှာလည်း စွမ်းအင်ထုတ် လုပ်နိုင်မှု ပိုကောင်းအောင် ဖန်တီးလာတာပါ။
မော်ဒယ်ခွဲအနေနဲ့ကတော့ ၂ မျိုးရနိုင်အောင် ထုတ်လုပ်ထားပြီး Clubနဲ့ Grand Touring တွေအဖြစ် ရနိုင်ပါတယ်။ နည်းပ ညာ ထည့်သွင်း ဖန်တီးမှု အပေါ်ကို မူတည်ပြီးတော့ မော်ဒယ်ခွဲ ကွဲပြားတာ ဖြစ်ပေမယ့် အင်ဂျင်စနစ်ကတော့ တခုတည်း ဖြစ် ပါတယ်။
အင်ဂျင်က ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး သူက ရုန်းအား ၁၄၈ ပေါင်-ပေမှာ မြင်း ကောင်ရေ ၁၅၅ ကောင်အားထိအောင် ထွက်ရှိတာလည်း ဖြစ်ပါတယ်။
ဂီယာပိုင်းမှာတော့ Manual နဲ့လည်း ရနိုင်သလို Auto အဖြစ်လည်း လာပါတယ်။
Club မော်ဒယ်ခွဲမှာတော့ Bilstein Damper ကို ထည့်ထားတယ်၊ သူက Sport မော်ဒယ်ကို ရုပ်ထွက်ရော လေခွင်းစနစ်ပါ ပိုမို အားကောင်းစေတယ်၊ Grand Touring မှာက အလိုအလျောက် ရှေ့မီးကြီးစနစ်တွေ၊ ဂြိုလ်တု အခြေပြု မြေပုံစနစ်တွေ ပါလာလို့ ပိုပြီး အဆင့်မြင့်ပါတယ်။
အမြန်နှုန်း မြှင့်တင်မောင်းနှင်မှုအပိုင်းမှာတော့ မော်ဒယ်က တနာရီ မိုင် ၆၀နှုန်းကို အချိန် ၅ စက္ကန့်ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပြီး ဆီစားနှုန်းကတော့ တဂါလံကို ပျမ်းမျှ မိုင် ၃၀ကျော်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ဈေးကွက်မှာတော့ မော်ဒယ်ကို ဈေးနှုန်း ဒေါ်လာ ၃၂၈၆၀ နဲ့ ရောင်းချနေတာ တွေ့ရပြီး ပြည်တွင်းမှာ Mazda အရောင်းပြခန်း ရှိနေလို့ အဲဒီမှာ စုံစမ်းဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
Ref: www.edmunds.com