• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မော်လမြိုင် ရေမီတာခွန် ဆုံးရှုံးမှုများရှိနေဟု မွန်ပြည်နယ်စည်ပင်ဝန်ကြီးပြော

by ဉာဏ်စိုးဝင်း
18 January 2019
in စီးပွားရေး
A A
မော်လမြိုင်မြို့ရှိ အတ္ထရံ ၂ ရေပေးဝေရေး / ဉာဏ်စိုးဝင်း / ဧရာဝတီ

မော်လမြိုင်မြို့ရှိ အတ္ထရံ ၂ ရေပေးဝေရေး / ဉာဏ်စိုးဝင်း / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့ပေါ်ရပ်ကွက် အများစုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က နေ့စဉ် ဖြန့်ဝေပေးနေသော ရေဂါလံ သိန်း ၄၀ ကျော်၏ ၆၀ ရာခိုင်နှုန်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးမှုဖြစ်နေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ရေမီတာခွန် လစဉ်ဆုံးရှုံးနေရခြင်း၏ အကြောင်းအရင်းများမှာ စည်ပင်သာယာရေးကော်မတီ က ရေပေးဝေ နေသော ရေပိုက်လိုင်းများ ပျက်စီယိုယွင်းမှုကြောင့် အလေအလွင့်ရေများဖြစ်ပေါ်ခြင်း၊ ပြည်သူအချို့က တရားမဝင် ရေပိုက်လိုင်းများ ခိုးသွယ်သုံးစွဲနေခြင်း၊ ရေမီတာယူနစ်များ၏ အားနည်းချက်ကြောင့် ရေသုံးစွဲသည့် ရေမီတာ တိကျမှုမရှိခြင်းနှင့် စည်ပင်သာယာရေး ဝန်ထမ်းအချို့၏ စနစ်တကျ ကြီးကြပ်မှု အားနည်းချက်များ ကြောင့်ဖြစ်ကြောင်း သိရသည်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
170
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
1.7k
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k

စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်က “ကျောက်တန်းဆိုရင် တလကို သိန်း ၁၀၀ လောက်ဆုံးရှုံးတယ်၊ မြိုင်သာယာမှာလည်း ဆုံးရှုံးတယ်၊ လူတွေလည်း ကောင်းကောင်းမသုံးရဘူး၊ ကျနော်တို့လည်း ဆုံးရှုံးတယ်၊ ထွက်သွားတဲ့ မီတာကိုကြည့်လိုက်ရင် အများကြီးဆုံးရှုံးတယ်၊ တလတလကို အများကြီးပဲ။ ပိုက်တွေ ပြန်မဝယ်နိုင်ဘူးလေ။ သုံးပြီးတော့ ပိုက်ဆံမရတာက ၆၀ ရာခိုင်နှုန်းကျော်၊ ၆၅ ရာခိုင်နှုန်းရှိတယ်၊ လူတွေခိုးတာလည်းပါတယ်၊ ဝန်ထမ်းတွေ ခိုးတာလည်းပါတယ်၊ အဲဒါကြောင့် ဒစ်ဂျစ်တယ်နဲ့ သွားတော့မယ်”ဟု ပြောသည်။

မော်လမြိုင်မြို့ပေါ် ရပ်ကွက်၂၉ ရပ်ကွက် ရှိသည့်အနက် ၂၃ ရပ်ကွက်ကိုသာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရေပေးဝေနိုင်သေးသည့်အပြင် ထိုရပ်ကွက် ၂၃ ရပ်ကွက်ကို ရေပေးဝေမှုမှာ ၁၀၀ ရာခိုင်နှုန်း ပြည့်မှီအောင် မလွှမ်းခြုံနိုင်သေးကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာရေးအဖွဲ့၊ အင်ဂျင်နီယာဌာနခွဲမှ သိရသည်။

အဆိုပါဌာန အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က ရေအလေအလွင့် မဖြစ်စေရန် ဟောင်းနွမ်းယိုဖိတ်နေသည့် ရေပိုက်လိုင်းများကို ပြုပြင်ရန် လိုအပ်မည့်အပြင် ပြည်သူများ အသုံးပြုနေသည့် ရေမီတာများကိုလည်း ဒစ်ဂျစ်တယ် ရေမီတာများ တပ်ဆင်သွားရန် လိုအပ်သဖြင့် ယခင်နှစ်က ဒစ်ဂျစ်တယ် ရေမီတာ ၃၀၀၀ ကို လဲလှယ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရေမီတာများကိုလည်း ဒစ်ဂျစ်တယ် ရေမီတာများအဖြစ် ပြောင်းလဲ တပ်ဆင်သွားရန် အစီအစဉ်ရှိကြောင်း ရှင်းပြသည်။

လက်ရှိတွင် မြို့ရေပေးဝေရေးအတွက် တရက်စာ ရေလိုအပ်ချက်မှာ ဂါလံ ၆၈ သိန်းရှိရာ ရေဂါလံ ၄၁ သိန်းကိုသာ ဖြန့်ဝေပေးနိုင်သေးကြောင်း၊ မော်လမြိုင်မြို့တွင် မြို့နယ်စည်ပင်သာယာမှ ဖြန့်ဝေနေသည့် ရေဂါလံ ၄၁ သိန်းတွင် ရေဂါလံ သိန်း ၂၀ ကိုသာ ကြည်လင် သန့်ရှင်းသောရေအဖြစ် ပေးဝေနိုင်သေးသည်။

ယင်းကိစ္စကြောင့် မြို့နယ်စည်ပင်သာယာမှ ဖြန့်ဝေသောရေများအား သန့်ရှင်ကြည်လင်းသော ရေဖြစ်စေရန်နှင့် မြို့လူထုအနေဖြင့် ၂၄ နာရီပတ်လုံး ရေရရှိစေရန် ဦးစားပေးဆောင်ရွက်နေကြောင်း၊ အသစ်ထပ်မံ လျှောက်လာ သည့် ရေမီတာများကို ဒစ်ဂျစ်တယ် ရေမီတာများကိုသာ အသုံးပြုခိုင်းသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှသာ ပြီးပြည့်စုံသော စနစ်တခုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်သူများအနေဖြင့် ဂါလံ ၂၂၀ တယူနစ်ကို ငွေကျပ် ၃၀၀ နှုန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ အခွန်ပေးသွင်းရခြင်းဖြစ်ပြီး စည်ပင်သာယာဘက်မှ လစဉ် ရေသုံးစွဲမှုအတွက် ကျသင့်ငွေ ကောက်ခံရာတွင်လည်း အခက်အခဲများရှိနေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လွန်ခဲ့သော ၁၀ နှစ်ဝန်းကျင်က မြိုင်သာယာရပ်ကွက် ရေရရှိရေးအတွက် ရေကော်မတီဖွဲ့၍ ဆောင်ရွက်ခဲ့စဉ်က ရေမီတာသုံးစွဲမှု အရေအတွက်နှင့် လက်ရှိသုံးစွဲနေသော ရေမီတာအရေအတွက်ကို စိစစ်ပေးရန်၊ ထိုရပ်ကွက်မှ ရေသုံးစွဲမှုမှ ရရှိသည့် ငွေစာရင်းရှင်းတမ်းများကို ရေကော်မတီမှ ရှင်းလင်းပေးရန် မြိုင်သာယာရှိ ဒေသခံများက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ တိုင်ကြားထားသည်မှာလည်း အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း မြိုင်သာယာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စည်ပင်သာယာရေးအဖွဲ့က မြို့ရေပေးမှုကို အတ္ထရံမြစ်၊ ကင်းပွန်ချုံ ရေသိုလှောင်ကန်နှင့် ရွှေနတ်တောင် ဆည်တို့မှ ရေများကို စုပ်ယူ၍ ရေပေးဝေမှုကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Your Thoughts …
Tags: စည်ပင်မီတာခွန်မော်လမြိုင်ရေဂါလံရေပေးဝေရေး
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

by မိအိသဉ္ဇာမြင့်
9 April 2024
8.9k

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တောင်ပိုင်းစစ်မျက်နှာပြင်ဖြစ်သော မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ် ကွပ်ကဲရန် ရောက်နေခြင်းဖြစ်ပြီး ယနေ့ထိ ရှိနေဆဲဖြစ်သည်ဟု အတည်ပြုနိုင်ကြောင်း

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

by မိအိသဉ္ဇာမြင့်
17 April 2024
7.1k

ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မော်လမြိုင်မြို့၌ စစ်ဆင်ရေးများ ထပ်မံလုပ် ဆောင်မည်ဟု ဖော်ပြနေကြသောကြောင့် ပိုမို စစ်ဆေးနေခြင်းဖြစ်နိုင်

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

by မိအိသဉ္ဇာမြင့်
26 March 2024
2.6k

ကော့ဘိန်းမြို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေနတ်တောင်မြို့ မိုင်၅၀ခန့်သာ ဝေးပြီး မတ်လ ၂၅ရက်က ရဲနှင့် စစ်သားများ တပ်စွဲထားသည့် ကော့ဘိန်းရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်း...

သံလွင်က ပြောသော ပုံပြင်…

သံလွင်က ပြောသော ပုံပြင်…

by အထောက်တော် လှအောင်
24 December 2023
1.2k

ဖြစ်သလိုအိပ် ဖြစ်သလိုစားကြရင်းဖြင့် ရေတိမ်နစ်သွားကြရရှာသော အမျိုးသမီးများ၏ ငရဲညများကို သံလွင်မြစ်သည် မမြင်ချင် အဆုံး၊ မကြားချင် အဆုံး ကြုံခဲ့ရသည်။

ရတနာဘုံမြင့် ကျောင်းတိုက်အတွင်း မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ပန်းပု လက်ရာများထဲမှ အချို့ ရှိနေပါသည် / ရဲနည် / ဧရာဝတီ

သမိုင်းထဲက မော်လမြိုင်

by Denis D.Gray
25 March 2017
39.1k

ဗုဒ္ဓဘာသာ ဘုရားပုထိုးစေတီများနှင့်အတူ အစ္စလမ် ဗလီများ၊ ဟိန္ဒူဘုရားကျောင်းများ၊ ဗြိတိသျှတို့၏ အမွေအနှစ်များနှင့် အမေရိကန် လက်ရာ အချို့ပင် ကျန်ရှိနေခြင်းက မော်လမြိုင်၏ ကြီးမားသော စုံလင်ကွဲပြားမှုကို ဖော်ပြနေခြင်း ဖြစ်သည်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသည့် ကျောင်းသားများကို ကုသမှုပေးနေစဉ်

မော်လမြိုင် ဆန္ဒပြကျောင်းသားများ ပစ်ခတ်ဖြိုခွင်းခံရ၊ ထိခိုက်ဒဏ်ရာများရှိ

by ဧရာဝတီ
12 February 2021
13.8k

မော်လမြိုင် ကျောင်းသားသပိတ်အား ပစ်ခတ်ဖြိုခွင်းသည်မှာ တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် အာ ဏာသိမ်းပြီး နောက် ဖြစ်ပေါ်လာသော ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့က ဒုတိယအကြိမ်မြောက် အကြမ်းဖက် ဖြိုခွင်းခြင်း ဖြစ် သည်။

Next Post
အဆိုတော် မီမီဝင်းဖေ / မန်းသူ

တသက်လုံး သီချင်းတွေနဲ့ပဲ ဖြတ်သန်းမယ့် အဆိုတော် မီမီဝင်းဖေ

ခွဲရေး စွဲရေး

ခွဲရေး စွဲရေး

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
5.1k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate