• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ဆန်းပြားသည့် 3D အရောင်ပြေးဒီဇိုင်းနှင့် OPPO F11 Pro ကို မိတ်ဆက်မည်

by Nigma
25 February 2019
in IT
A A
OPPO F11 Pro စမတ်ဖုန်း

OPPO F11 Pro စမတ်ဖုန်း

6.2k
VIEWS
Share on FacebookShare on Twitter

F စီးရီး မျိုးဆက်သစ် F11 Pro စမတ်ဖုန်းကို လာမယ့် မတ်လ ၅ ရက်နေ့၊ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း OPPO က တရားဝင် ကြေညာလိုက်ပါတယ်။

OPPO ဟာ ၂၀၁၃ ခုနှစ်က စတင်ပြီး အရောင်ပြေး Gradient ဒီဇိုင်းနဲ့ R စီးရီး၊ F စီးရီး စမတ်ဖုန်းတွေကို ဦးဆောင် မိတ်ဆက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရောင်ပြေးဒီဇိုင်းနဲ့ F9 စီးရီး စမတ်ဖုန်းတွေကို ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး သုံးစွဲသူတွေအကြား လူကြိုက်များခဲ့ပါတယ်။

RelatedPosts

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
1.9k
Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

Microsoft က AI မှာ ရင်းနှီးမြှုပ်နှံမှု ကြီးနေလို့ ဆိုပြီး ဝန်ထမ်း ၉၀၀၀ ခန့် လျှော့မယ်တဲ့

6 July 2025
313
အရှေ့ နှင့် အနောက်

အရှေ့ နှင့် အနောက်

6 July 2025
347

ယခုအသစ် မိတ်ဆက်မယ့် OPPO F11 Pro စမတ်ဖုန်းမှာတော့ 3D အရောင်ပြေး ဒီဇိုင်းကို ဖန်သားလို ကြည်လင်တောက်ပနေမယ့် Glass finish ပါလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၆.၅ လက်မအရွယ် ရှိတဲ့ မျက်နှာအပြည့် ဒီဇိုင်းသစ် Panoramic Screen ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ OPPO က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ F11 Pro ဖုန်းရဲ့ မျက်နှာပြင်မှာ ရှေ့ကင်မရာအတွက် နေရာသီးသန့် ပါရှိမှာ မဟုတ်ပါဘူး။ ဒီ့အစား ဖုန်းကိုယ်ထည်အပေါ်၊ အလယ်ကနေ ထွက်လာမယ့် Pop-up ကင်မရာဒီဇိုင်းကို အသုံးပြုထားတာ တွေ့ရပါတယ်။

ဒါ့အပြင် F11 Pro စမတ်ဖုန်းမှာ 48MP နဲ့ 5MP ကျောကင်မရာနှစ်လုံးကို အသုံးပြုသွားမှာ ဖြစ်ကြောင်းလည်း OPPO က အတည်ပြုပြီး ဖြစ်ပါတယ်။ အားအမြန်သွင်းစနစ် VOOC 3.0 လည်း ပါဝင်လာမှာပါ။ အစိမ်းရောင်သန်းတဲ့ Aurora Green နဲ့ အနက်နဲ့ ခရမ်းရောင် ရောစပ်ထားတဲ့ Thunder Black ဆိုပြီး အရောင်နှစ်မျိုး ထုတ်သွားမှာပါ။

F11 Pro ဖုန်းမှာ အသုံးပြုမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ကြိုတင်ပေါက်ကြားထားချက်တွေအရ MediaTek ရဲ့ Helio P70 Chipset ကို အသုံးပြုသွားမှာဖြစ်ကာ၊ 6GB RAM ပါဝင်မယ်လို့ သိထားရပါတယ်။ Android 9 Pie စနစ်အခြေခံ Color OS 6.0 နဲ့ ထွက်ရှိလာမှာပါ။ Storage ကိုတော့ 6GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။

OPPO F11 Pro ရဲ့ ရှေ့ Pop-up ကင်မရာမှာတော့ 16MP ဆန်ဆာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,000mAh ဘက်ထရီပါ။

F11 Pro စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ မတ်လ ၅ ရက်နေ့ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများမှာလည်း လာမယ့် မတ်လအတွင်း မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ OPPO က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကိုလည်း ဝင်ရောက်လာဖွယ် ရှိတယ်လို့ ဆိုပါတယ်။

Ref: GSM Arena, OPPO

Your Thoughts …
Tags: OPPOOPPO F11 Pro
Nigma

Nigma

Contributor

Similar Picks:

အသစ် ထွက်လာတဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ

5G အသုံးပြုနိုင်တဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ မိတ်ဆက်

by Nigma
27 December 2019
4.3k

OPPO Reno စီးရီးရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ကာ အရင် Reno 2 နဲ့ ၂ လပဲ ခြားပြီး အသစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

“Oppo စမတ်ဖုန်း စက်ရုံ လေ့လာရေး ခရီးစဉ်” / သီဟတိုး / ဧရာဝတီ

OPPO နဲ့ အတူ လေ့လာခွင့်ရခဲ့တဲ့ “Oppo စမတ်ဖုန်း စက်ရုံ ခရီးစဉ်”

by သီဟတိုး
23 January 2018
5.1k

“Oppo Factory Tour” ခရီးစဉ်မှာ စမတ်ဖုန်းတလုံး ထုတ်လုပ်ပုံ၊ စမတ်ဖုန်းတလုံးမှာ ပါဝင်တဲ့ စက်ပစ္စည်း ကိရိယာ Chipset များကိုအသေးစိတ် တပ်ဆင်ပုံ၊ တပ်ဆင်ပြီးသား စမတ်ဖုန်းများကို အဆင့်ဆင့် စမ်းသပ်မှုများ ပြုလုပ်ပြီး နောက်ဆုံးအဆင့် စမတ်ဖုန်း...

Dual Wi-Fi ဆိုတဲ့အတိုင်း ဖုန်း ဒါမှမဟုတ် တက်ဘလက် တလုံးတည်းကနေ Wi-Fi ကွန်ရက်နှစ်ခုကို တချိန်တည်း ချိတ်ဆက် အသုံးပြုနိုင်မှာပါ

Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ

by Nigma
22 July 2019
6.7k

Dual Wi-Fi Feature ကို Vivo က iQOO ဖုန်းနှစ်လုံးနဲ့ စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Feature ပါဝင်တဲ့ ဖုန်းမှာ "Smart Multi-network Acceleration" ဆိုတဲ့ ခလုတ်တခု ပါလာတာကို...

ဖုန်းကွန်ရက် မလိုဘဲ ဖုန်းအချင်းချင်း ဖုန်းခေါ်၊ စာပို့နိုင်မယ့် နည်းပညာကို OPPO က မိတ်ဆက်လိုက်တာပါ

ဖုန်းလိုင်း မလိုဘဲ ဖုန်းခေါ်၊ စာပို့ လုပ်နိုင်တဲ့ MeshTalk နည်းပညာကို OPPO ပြသ

by Nigma
27 June 2019
28.4k

OPPO ဖုန်းကိုင်သူ အချင်းချင်းပဲ ဆက်သွယ် ပြောဆိုနိုင်မှာဖြစ်ပြီး၊ ဖုန်းခေါ်၊ စာပို့၊ အသံ မက်ဆေ့ချ် ပို့တာ အားလုံး လုပ်နိုင်ပါတယ်။

OPPO Reno ဖုန်း

Zoom ၁၀ ဆ ဆွဲရိုက်နိုင်တဲ့ ကင်မရာနဲ့ လျှောစောင်း ကင်မရာတို့ ပါဝင်တဲ့ OPPO Reno ဖုန်း ထွက်ရှိ

by Nigma
10 April 2019
4.9k

OPPO Reno ကို ဗားရှင်း ၂ မျိုးနဲ့ ရရှိမှာပါ။ ရိုးရိုး Reno နဲ့ Reno 10x Zoom Edition ဆိုပြီး ဖြစ်ပါတယ်။

OPPO F1s Limited Edition

အရောင်သစ်နဲ့ ထပ်မံထွက်ရှိလာတဲ့ OPPO F1s Limited Edition စမတ်ဖုန်း

by သီဟတိုး
30 November 2016
12.2k

OPPO F1s Limited Edition စမတ်ဖုန်းကို အလုံးရေ တထောင်သာ အကန့်အသတ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ OPPO မိုဘိုင်းဖုန်းဆိုင်များထဲမှ သတ်မှတ်ထားတဲ့ ဖုန်းဆိုင် ၃၀၀ မှာသာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်

Next Post
မင်းဖူးရွာအတွင်း ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံး (ရုပ်/သံ)

မင်းဖူးရွာအတွင်း ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံး (ရုပ်/သံ)

--

ကျောင်းသား လူငယ်တွေ ဘာကြောင့် ခရီးသွားသင့်သလဲ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.1k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

7 days ago
6.1k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate