Disney Live Three Classic Fairy Tales ခေါင်းစဉ်နဲ့ Forever Group က စီစဉ်တင်ဆက်ပြသတဲ့ Disney Live Show ကိုအောက်တိုဘာ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရှင်စောပုလမ်းက Myanmar Event Park (MEP) မှာ ကျင်းပနေပါတယ်။
အောက်တိုဘာ ၈ ရက်နေ့မှာတော့ စာနယ်ဇင်း မီဒီယာတွေကို မိတ်ဆက်တဲ့အနေနဲ့ အကြိုပြသခဲ့ပါတယ်။ အမေရိကန် ကာတွန်းရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့အပြင် ကာတွန်းဇာတ်ကောင်တွေ အနေနဲ့ မြန်မာပရိသတ်တွေရဲ့ ရင်ထဲကို ငယ်စဉ်ကတည်းက ဝင်ရောက်နေရာယူခဲ့တဲ့ Disney Live Show မှာ ကာတွန်းပုံပြင် သုံးပုဒ်ကို ပြသခဲ့တာဖြစ်ပါတယ်။
စနိုးဝှိုက် မင်းသမီးလေးနဲ့ လူပုလေးခုနစ်ယောက် ပုံပြင်၊ Cinderella မင်းသမီးလေး ပုံပြင်၊ ခြင်္သေမင်းနဲ့ ကြင်ယာတော်ပုံပြင် Mickey Mouse & Minnie Mouse ပုံပြင်တွေဟာ မြန်မာပရိသတ်တွေ ရင်ထဲမှာ ငယ်စဉ်ကတည်းက နေရာယူထား ခဲ့သလို၊ ကလေးတွေကလည်း ဒီနေ့အချိန်အထိ သဘောကျ နှစ်ခြိုက်နေတဲ့ ကာတွန်းဇာတ်ကောင်တွေ ဖြစ်ပါတယ်။
ကာတွန်း ပုံပြင်တွေအပြင်၊ ကာတွန်းဇာတ်လမ်းတွေ အဖြစ်ပါ အမေရိကန် ကာတွန်းရုပ်ရှင်ကုမ္ပဏီက ဖန်တီးခဲ့တဲ့အတွက် ဂန္ထဝင် ကာတွန်းဇာတ်ကောင်တွေ ဖြစ်ခဲ့ပါတယ်။ Disney Cartoon Studio က Disney Live နဲ့ Forever Group တို့ ပူးပေါင်းမှုနဲ့ အခုလို မြန်မာပြည်မှာ လာရောက်ပြသနိုင်ခဲ့တာလို့ သိရပါတယ်။ ဒီပွဲအတွက်ကို မီဒီယာတွေမှာ ကြိုတင် ကြော်ငြာထားပြီး ပုံပြင်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ဖြေနိုင်တဲ့သူတွေအတွက် မေတ္တာလက်မှတ် အစီအစဉ်လည်း ရှိခဲ့ပါတယ်။ စိတ်ဝင်စားသူ၊ ဖြေဆိုလိုသူတွေ များပြားလှတဲ့အတွက် ဆက်သွယ်ရမယ့် ဖုန်းတွေ မအားလပ်နိုင်အောင်ပဲလို့ ကြားသိရပါတယ်။
Disney Live (Three Classic Fairy Tales) အပိုင်း ၁ ကို စတင်ပြသတဲ့ အခါမှာတော့ အချိန် မိနစ်လေးဆယ်ကျော် ကြာမြင့်ပါတယ်။ ပထမပိုင်းမှာတော့ Mickey Mouse နဲ့ Minnie Mouse တို့ရဲ့ မိတ်ဆက်မှုနဲ့အတူ စနိုးဝှိုက်မင်းသမီးလေးနဲ့ လူပုလေးခုနစ်ယောက် တို့ရဲ့ ပြဇာတ်ကို ပရိသတ်များ ရင်သပ်ရှုမောစွာ ကြည့်ရှုခံစား ခဲ့ရတာဖြစ်ပါတယ်။ Mickey Mouse ၊ Minnie Mouse တို့ စတင်မိတ်ဆက်တဲ့ အချိန်မှာပဲ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ၊ ကလေးငယ်တွေရဲ့ အော်ဟစ်အားပေးတဲ့ အသံတွေက ဇာတ်ရုံတခုလုံး လွှမ်းသွားခဲ့ရပါတယ်။ သူတို့ရဲ့ တင်ဆက်ဖျော်ဖြေမှုတွေဟာ တကယ်ကိုပဲ ကာတွန်းရုပ်ရှင်တွေ ကြည့်ခဲ့ရသလို ဇာတ်ကောင်တွေရဲ့ အပြင်အဆင်တွေ၊ ဝတ်စားဆင်ယင် ပုံတွေကအစ တထပ်တည်း ဖြစ်နေပါတယ်။ ကာတွန်းဇာတ်လမ်း တွေထဲမှာ ကြည့်ခဲ့ရသလို သူတို့ရဲ့ လက်ဟန်ခြေဟန် လှုပ်ရှားပုံ အမူအရာတွေကအစ ထပ်တူကျ နေတာကလည်း တကယ်ကို ချီးမွမ်းစရာပါပဲ။ စနိုးဝှိုက် မင်းသမီးလေးကလည်း တကယ်ကို ကာတွန်းထဲက ပုံစံအတိုင်း မိတ်ကပ်ဆံပင်ကအစ၊ ဟြေစရာမလိုအောင် ကွက်တိပါပဲ။ လူပုလေး ခုနစ်ယောက် ကလည်း သူတို့ရဲ့ လှုပ်ရှားမှုတွေက ကာတွန်းထဲက အတိုင်းပါပဲ။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့လက်ခုပ်သံတွေနဲ့ ကလေးတွေရဲ့ အော်ဟစ်အားပေးသံတွေက အတိုင်းအဆမရှိပါပဲ။
ဒါ့အပြင် Setting တည်ဆောက်ပုံနဲ့ Lighting အပြောင်းအလဲတွေက အစ တကယ်ကို အံ့သြစရာ ကောင်းလောက်အောင် ဆင်ထားတာ တွေ့ရပါတယ်။ ပြဇာတ်ကနေရင်းနဲ့ကိုပဲ Setting နဲ့ Lighting တွေ ချိန်းသွားတာကလည်း တကယ်ကို ကြည့်လို့ ကောင်းလှပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြားမှာ လူတွေတိုးပြီး တန်းစီကြည့်ရတယ်လို့ ပြောကြတာပါ။ ပြဇာတ်ရဲ့ သဘောသဘာဝအရ ဇာတ်လမ်းတပုဒ်လုံးကို မပြဘဲ လိုအပ်တဲ့ အခန်းတွေကိုပဲ သေသေချာချာ ပြသ သွားပါတယ်။ စနိုးဝှိုက်မင်းသမီးနဲ့ လူပုလေး ခုနစ်ယောက်တို့ မိတ်ဆွေဖြစ်သွားပြီး ကခုန်ကြတဲ့အခန်း၊ လူပုလေးတွေ အပြင်သွားချိန်မှာ စုန်းမကြီးက အဖွားအို တယောက်အသွင် ဟြေင်းပြီး စနိုးဝှိုက်လေးကို အဆိပ်ပန်းသီး လာကျွေးတဲ့ အခန်း၊ စုန်းမကြီးရဲ့ မှော်မှန်ကြီးနဲ့ စကားဟြေတဲ့ အခန်း၊ မင်းသားလေးက စနိုးဝှိုက်လေးကို အဆိပ်ပြေအောင် အနမ်းလေးနဲ့ ကုစားလိုက်တဲ့ အခန်း၊ မင်းသားလေးနဲ့ စနိုးဝှိုက်လေးနဲ့ ပေါင်းဖက်ပြီး လူပုလေးတွေနဲ့ ကခုန်ကြတဲ့ အခန်း စတဲ့ လိုအပ်တဲ့ ဇာတ်ဝင်ခန်းတွေကိုပဲ ဆွဲဆောင်မှုရှိရှိ သေသေသပ်သပ် ကပြသွားခဲ့ပါတယ်။
Mickey Mouse နဲ့ Minnie Mouse တို့ကတော့ ပုံပြင်စာအုပ်ကို လှန်ဖတ်ကြတဲ့ ဇာတ်ပို့တွေအနေနဲ့ ပါဝင် သရုပ်ဆောင် ခဲ့ကြတာကိုလည်း Lighting တွေ ကစားပြီး ပရိသတ် စိတ်ဝင်စားအောင် ပြသခဲ့ပါတယ်။
စနိုးဝှိုက် မင်းသမီးလေးနဲ့ လူပုလေး ခုနစ်ယောက် ကာတွန်းပြဇာတ် ပြီးတဲ့အခါမှာ Cinderella ကာတွန်း ပြဇာတ်မှာ Cinderella လေးကို သူ့မိထွေးနဲ့ သမီးနှစ်ယောက်က နှိပ်စက်တဲ့ အခန်း၊ အဝတ်တွေဆွဲဖြဲတဲ့ အခန်း၊ Cinderella လေးနဲ့ သူ့ အပေါင်းအဖော် တိရစ္ဆာန်လေးတွေ စကားဟြေ သီချင်းဆိုတဲ့ အခန်းတွေကလည်း ကလေးတွေရော၊ လူကြီးတွေပါ အကြိုက်တွေ့ခဲ့ကြပါတယ်။
သူတို့ရဲ့ ပြဇာတ် Setting အဟြေင်းအလဲ တွေက လုံး၀ ကန့်လန့်ကာ ချစရာမလိုဘဲ တခန်းပြီးတခန်း Setting ဟြေင်းသွားတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Cinderella လေးကို နတ်သမီးက ဖန်ဆင်းပေးလိုက်တဲ့ အခန်းမှာ ဝတ်စုံ ဟြေင်းပြီး နောက်ထပ်ထွက်လာတဲ့ ပြဇာတ်သရုပ်ဆောင် Cinderella ကလည်း မိတ်ကပ်ပဲ ကောင်းလို့လားတော့ မပြောတတ်ဘူး၊ ပထမ ဆင်းရဲတဲ့နေရာမှာ သရုပ်ဆောင်သွားတဲ့ Cinderella နဲ့ မျက်နှာက တပုံစံထဲပါပဲ၊ အဝတ်အစားပဲ ကွာသွားတာပါ။ Cinderella လေးက မင်းသားလေးရဲ့ ကပွဲနဲ့ ကြင်ယာတော် ရွေးပွဲကို သွားမယ့် အခန်းမှာ တခန်းရပ်ပြီး ပထမပိုင်းကို နားရင်း ပရိသတ်တွေအတွက် အားလပ်ချိန် ပေးခဲ့ပါတယ်။
ဒုတိယပိုင်း တင်ဆက်တဲ့အချိန်မှာတော့ Cinderella လေးက နန်းတော်ထဲကို သွားပြီး မင်းသားလေးနဲ့တွေ့၊ မြင်မြင်ချင်း ချစ်သွားပြီး အတူတူ တွဲကတဲ့ အခန်းကလည်း တကယ်ကို ကြည့်လို့ ကောင်းလှပါတယ်။ ညသန်းခေါင်ယံ ၁၂ နာရီ ထိုးတဲ့အချိန်မှာ Cinderella လေး အိမ်ပြန်ရမယ့် အခန်းမှာလည်း ၁၂ နာရီအတိ ရှိနေပြီဖြစ်တဲ့ နာရီကြီးက ပရိသတ် အထင်းသားမြင်အောင် စက်သီးနဲ့ သေချာပြင်ဆင်ပြီး ကျလာတာပါ။ ဖိနပ် ကျကျန်ခဲ့လို့ လိုက်ရှာတဲ့အခန်း၊ ဇာတ်ပို့တွေ ဖြစ်တဲ့ မိထွေးနဲ့ သမီးနှစ်ယောက် နေရာက သရုပ်ဆောင်သွားသူတွေ ကလည်း တကယ်ကို အပိုအလိုမရှိ ပါပဲ။ နောက်ဆုံး မင်းသားလေးနဲ့ Cinderella လေးတို့ ပေါင်းဖက်သွားတဲ့ အခန်းဆိုလည်း အကတွေကအစ သေချာ ပြင်ဆင်ထားမှန်း သိသာပါတယ်။ တကယ်ကို ကြည့်ရတာ တန်ပါတယ်လို့ ပရိသတ်ထဲက ဟြေတဲ့ စကားသံတွေကိုလည်း ကြားခဲ့ရပါတယ်၊။
နောက်ဆုံး ပြဇာတ်ကတော့ ခြင်္သေမင်းသားနဲ့ ကြင်ယာတော် ပြဇာတ်ပါ။ ကြင်ယာတော်လေးရဲ့ အဖေကို ကျိန်စာမိလို့ ခြင်္သေဖြစ်နေတဲ့ မင်းသားလေးက ဖမ်းထားတဲ့ အတွက် ကြင်ယာတော်လေးက သွားရောက်တွေ့ဆုံခွင့် တောင်းပြီး သူ့အဖေကို လွှတ်ပေးဖို့ ဟြေတဲ့အခန်း၊ ခြင်္သေဖြစ်နေတဲ့ မင်းသားလေးက သူ့ ကြင်ယာတော် အဖြစ် နေထိုင်မယ်ဆိုရင် အဖေကို လွှတ်ပေးမယ်လို့ ဟြေတဲ့အတွက် မိန်းကလေးက ခြင်္သေဖြစ်နေတဲ့ မင်းသားလေးကို နေထိုင်ပါမယ်လို့ ကတိပေးပြီး မကြောက်ရွံ့ဘဲ နေထိုင်ပြုစုပေးကာ သံယောဇဉ်ဖြစ်ပြီး ချစ်သွားတဲ့အတွက် ကြိမ်စာ ပြေသွားပြီး မင်းသားလေး ပြန်ဖြစ်သွားတဲ့ အချိန်မှာ ကြင်ယာတော်လေးနဲ့ ပေါင်းဖက်ကြတဲ့ ပြဇာတ်ကလည်း လက်ခုပ်သံတွေကို ညံစေခဲ့ပြန်ပါတယ်။ ဒါကြောင့် Disney Live ပြဇာတ်ကို ကြည့်ရတာတကယ်ကို ကလေးဘ၀ ပြန်ရောက်သွားသလို ခံစားရတဲ့အပြင်၊ ထူးခြားတဲ့ တင်ဆက်မှုတွေကြောင့် ကြည့်ရတာတန်တဲ့ ပြဇာတ်တခုလို့ ဆိုချင်ပါတယ်။
ကိုယ်တိုင်ခံစား ကြည့်ရှု ချင်ရင်တော့ အောက်တိုဘာ ၁၂ ရက်နေ့အထိ ပြသမှာ ဖြစ်လို့ သွားရောက်ကြည့်ရှု နိုင်ပါကြောင်းနဲ့ လက်မှတ်တွေက ကျပ် ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀၊ ၄၀၀၀၀ နဲ့ ၁၀၀၀၀၀ ကျပ်နှုန်းနဲ့ MEP မှာ ဝယ်ယူနိုင်ပါတယ်လို့ သတင်းပေးလိုက် ပါတယ်။