• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

Hyundai Porter IIတွေ ဈေးငြိမ်ပြီး ကျန်နေသေးတယ်

by လင်းထက်(IA)
20 October 2016
in Lifestyle
A A
Hyundai Porter II

Hyundai Porter II

9.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်လိုင်စင်တွေ တင်သွင်းခွင့် ယာယီ ပိတ်ထားလိုက်တာကြောင့်ရယ်၊ ကြိုတင်ဝင်ငွေခွန် ဆောင်ရမှုနဲ့ အတူ အမည်ပြောင်းခွန်တွေကြောင့် ကားဈေးတွေ ၅ လပိုင်းအတွင်းကနေ စတင်ပြီး တက်သွားခဲ့သလို လုပ်ငန်းသုံး အသေးစား Hijet နဲ့ Carry လို မော်ဒယ်တွေပါ အနည်းဆုံး ကျပ် ၁၀ သိန်းထက် မနည်း တက်သွားပေမယ့် အခု Porter II တွေတော့ ဈေးငြိမ်ပြီး ကျန်နေသေးတာ တွေ့ရပါတယ်။

အရည်အသွေးကြောင့် ဆိုတာထက် အင်ဂျင် အရွယ်နဲ့ ဆီစားနှုန်းကြောင့် အဝယ်နည်းသွားတာ ဖြစ်နိုင်သလို ဈေးလည်း လိုက်မတက်ဘဲ တန့်နေသေးတာ ဖြစ်မှာပါ။ လုပ်ငန်းသုံး မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် ၆၆၀ စီစီသုံး မော်ဒယ်တွေက သိန်း ၁၀ဝ အောက်လောက်နဲ့ ရနိုင်တယ်၊ ဆီစား အရမ်းချိုတယ်၊ ဝယ်ရလွယ်တယ်။ ဈေးအတက်၊ အကျလည်းမကြမ်းဘူး။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
185
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
221
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.8k

ကိုယ်ထည်လည်း သေးတာကြောင့် မြို့တွင်းသုံး မော်ဒယ် အနေနဲ့ပါ အဆင်ပြေတာကြောင့် ဝယ်လက် ကြိုက်ပေမယ့်အခု Porter II အနေနဲ့က နယ်ဝယ်လက်ပဲ အဓိက ကြိုက်ကြပြီး ရန်ကုန်မှာက ကိုယ်ထည် အလျားရှည်တာကြောင့် ဝယ်လက် နည်းပြီး ဈေးတန့်နေတာ တခုက နယ်ဝယ်လက်အတွက် ဈေးချိုချိုနဲ့ ရနိုင်စေမယ့် အားသာချက် ဖြစ်လာစေပါတယ်။

ကုန်တင် လုပ်ငန်းသုံး မော်ဒယ် ဖြစ်လို့ ဂီယာပိုင်းမှာ Manual နဲ့ ဖြစ်နေတာက အပြစ်ပြောဖို့ ခက်ပါတယ်။ ဒီဇယ် အင်ဂျင်စနစ်က ရုန်းအား ကောင်းပြီး ဝန်တင်ဆောင်နိုင်မှုလည်း မဆိုးပါဘူး။ ၁ တန်တင်နိုင်မှာ ဖြစ်ပြီး လမ်းကြမ်းပိ်ုင်း ရုန်းအား အထူးကောင်းပါတယ်။

Bongo တွေနဲ့ အပြိုင်ဖြစ်ပြီး အရောင်ပိုင်းမှာ Porter II တွေက အဖြူရောင်နဲ့ အဝင်များပြီး Bongo တွေက အပြာနဲ့ အဝင်များပါတယ်။ ဒီနေရာမှာ Bongo တွေက နှစ်ခန်းဖွဲ့ ပုံစံနဲ့ ရတတ်တာကြောင့် တချို့လည်း ကြိုက်ကြပါတယ်။

တခန်းဖွဲ့ ပုံစံနဲ့ Porter II တွေကတော့ နောက်ဖက် ဝန်တင်ခန်း ပိုမို ကျယ်ဝန်းမှာ ဖြစ်ပြီး လုပ်ငန်းသုံး မော်ဒယ်စစ်စစ်ပါ။ ၂ ဒသမ ၅ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပြီးဆီစားနှုန်းက ပျမ်းမျှ တဂါလံကို ၂၅ မိုင် စီးနင်းနိုင်မှာပါ။ ဒါတောင် မော်ဒယ်မြင့်မယ် ဆိုရင် ပိုပြီး ဆီစား သက်သာပါတယ်။ ဈေးကွက်ကိုတော့ ၂၀ဝ၇ ခုနှစ် ဝန်ကျင်းထုတ် မော်ဒယ်တွေ အများဆုံး ဝင်တာ တွေ့ရပေမယ့် အဲဒီထက် နိမ့်တဲ့ မော်ဒယ်ရော မြင့်တဲ့ မော်ဒယ်တွေပါ ရနိုင်ပါတယ်။

အများဆုံးကတော့ ၂၀ဝ၇ ခုနှစ် ဝန်းကျင်ထုတ်တွေပါ။ Grade အများအပြား မထွက်ပေမယ့် ကီလို အပေါ်မှာ မူတည်ပြီး ဈေးနှုန်း အနည်းငယ်လေးပဲ ကွာပါတယ်။ အတွင်းခန်းကတော့ Ori အတိုင်း အားလုံး တပ်ဆင်ပြီး ဖြစ်ပါလိမ့်မယ်။ မော်ဒယ်နိမ့်တွေထဲကတော့ သိန်း ၁၀ဝ စွန်းစွန်းနဲ့ ရောင်းလက်ရှိပေမယ့် ဝယ်လက် အကြိုက်နည်းပါတယ်။

၂၀ဝ၇ ခုနှစ်ထုတ် ကီလို ၄ သောင်းခွဲ အဖြူရောင် Porter II ကို ၁၂၅သိန်း အခေါ်ရှိပါတယ်၊ Bongo ထက်စာရင် ဈေးနိမ့်နေတာကြောင့် ဈေးကွက် အနေအထားအရ ဈေးငြိမ်ပါလိမ့်မယ်၊ မော်ဒယ်မြင့်ထဲက ဆိုရင် ၂၀၁၁ခုနှစ်ထုတ် ကီလို ၄ သောင်း Porter II ကို သိန်း ၁၃၀လောက် ခေါ်ပါတယ်။ မော်ဒယ်နှစ် ကွာပေမယ့် လုပ်ငန်းသုံး မော်ဒယ်ဖြစ်လို့ ဈေးက သိပ်မကွာပါဘူး။

ဘယ်မောင်း မော်ဒယ်တွေ ဖြစ်နေတဲ့ တချက်မှာပဲ ဈေးနည်းနည်း ကျအောင် ဆွဲနိ်ုင်မှာ ဖြစ်ပြီး ကျပ် ၅ သိန်းလောက်တော့ အကျဘက်မှာ ရှိနိုင်ပါလိမ့်မယ်။

Your Thoughts …
Tags: ကား
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

ဇိမ်ခံကားကြီးတွေလှူတာ ရှက်စရာကောင်းတယ် (ရုပ်/သံ)

ဇိမ်ခံကားကြီးတွေလှူတာ ရှက်စရာကောင်းတယ် (ရုပ်/သံ)

by မိုးသောက်
11 June 2024
3.6k

အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့ ဆရာတော်ကြီးတွေကို အဆောင်အယောင်အဖြစ် ဇိမ်ခံကားတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

2019 BMW 3 Series ကား

BMW ကို ဘာကြောင့် ဝယ်စီးကြတာလဲ

by ဧရာဝတီ
16 August 2019
6.3k

BMW ဟာ အခြားကားတွေလို မဟုတ်ဘဲ သူ့ရဲ့အပြင် ဒီဇိုင်းနဲ့ အထဲ ဒီဇိုင်းတွေဟာ မောင်းနှင်မယ့်သူတွေရဲ့ စိတ်ဆန္ဒလိုအပ်ချက်တွေကို အသေအချာ ထည့်တွက်ပြီးမှ တည်ဆောက်ထားတာ ဖြစ်တယ်။

တန်ဖိုးကြီး ပစ္စည်းတွေကို ကားနောက်ဖုံးမှာ ထားတာက ပိုပြီး လုံခြုံမှုရှိပါတယ်

သင့်ရဲ့ကားကို သူခိုး မကပ်အောင် ပြုလုပ်နည်း

by ရေဗန်
3 January 2019
8.3k

သူခိုးတယောက်ဟာ သင့်ကားကို လာဖောက်တဲ့ အချိန်မှာ တခြား ဘာပစ္စည်းမှ မတွေ့ပေမယ့် သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရ အချက်အလက်တွေကို တွေ့သွားရင် ကားကို ဖောက်ဖို့ထက် သင့်အိမ်ကို ဖောက်ဖို့ ကြံစည်ပါလိမ့်မယ်။

Volkswagen ကုမ္ပဏီရဲ့ နာမည်ကျော် Beetle ကား

နာမည်ကျော် Beetle ကားအမျိုးအစားတွေကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ့် Volkswagen

by Aurora
10 July 2019
6k

အခုတော့ VW ဘက်က Beetle ထုတ်လုပ်မှု ရပ်ဆိုင်းပြီး သဘာဝပတ်ဝန်းကျင်းကို ထိခိုက်မှု နည်းစေမယ့် လျှပ်စစ်ကား ထုတ်လုပ်မယ့် ဘက်ကို ဦးတည်နေပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဆူဇူကီး ကားထုတ်လုပ်ရေး စက်ရုံ  / အောင်သီဟထွန်း / ဧရာဝတီ

သီလဝါအထူးစီးပွားရေးဇုန်သို့ ကားအပိုပစ္စည်း လုပ်ငန်းများ ဝင်ရောက် မြှုပ်နှံလာနိုင်ဟုဆို

by အောင်သီဟ
1 October 2019
11.8k

အဆိုပါကားထုတ်လုပ်သော ဂျပန်ကုမ္ပဏီနှစ်ခုသည် သီလဝါတွင် ရင်းနှီးမြှုုပ်နှံထားသော မြေဧကအကျယ်အဝန်း အထိ ကားစက်ရုံများကို အပြည့်အဝ တိုးချဲ့ပြီးစီးပါက ရှေ့လာမည့်နှစ်များတွင် ကုမ္ပဏီနှစ်ခုမှ ကားအစီးရေ နှစ်သိန်းကျော် အထိ ထုတ်လုပ်နိုင်ကြောင်း

ကွယ်လွန်သူ မင်းသား Paul Walker

မင်းသား Paul Walker ရဲ့ ကား ၂၁ စီးကို ဒေါ်လာ ၂ ဒဿမ ၃၃ သန်းနဲ့ လေလံပစ် ရောင်းချ

by မစ်ကီ
20 January 2020
4.1k

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ နှစ် ကာလလုံး မင်းသား Walker ကိုယ်တိုင် စီးနင်းခဲ့တဲ့ ကား ၁၈ စီးနဲ့ မော်တော်ဆိုင်ကယ် ၃ စီးကိုလည်း လေလံပစ်ရောင်းချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Next Post
ရန်ကုန် KFC ကြက်ကြော်ဆိုင်တွင် တန်းစီနေသူများ / Reuters

ဆန်ရှင်ရုပ်သိမ်းသော်လည်း ပြဿနာများကျန်ရှိနေဆဲ

နယ်စပ်စည်းရိုးအနီး ကင်းလှည့်နေသော ရဲများ / သော်ဟိန်းထက် / ဧရာဝတီ

မောင်တောတိုက်ခိုက်မှုတွင် ပါဝင်သူ ၁၁ ဦး နောက်ထပ်ဖမ်းမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate