Lifestyle

သြစတြေးလျမှာ သတို့သမီးရှာပုံတော်ဖွင့်ခဲ့တဲ့ ဂျက်စတင်ဘီဘာ

Want create site? Find Free WordPress Themes and plugins.

“Baby” ဆိုတဲ့ တေးသီချင်းနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အဆိုတော် ဂျက်စတင်ဘီဘာ(Justion Bieber) က ပြီးခဲ့တဲ့နှစ်တွေမှာ ကောင်မလေးချောချောမိုက်မိုက်လေးတွေနဲ့ တွဲခဲ့ပြီးပါပြီ။

အခုတော့ သူက အိမ်ထောင်ပြုချင်ပြီလို့ ပြောဆိုလာပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ သတို့သမီးလောင်း ရှာပုံတော်ဖွင့်ခဲ့တယ်လို့ NW မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

သူရဲ့မိတ်ဆွေတွေကလည်း တော်တော်များများကူညီပေးကြတယ်လို့ သိရပါတယ်။

ဂျက်စတင်က “ချစ်သူအလိုရှိနေပါတယ်၊ ပြီးတော့လက်ထပ်ချင်နေပါပြီ၊ အခုတော့မဟုတ်သေးဘူး၊ မကြာခင်ပေါ့” လို့ ပြီးခဲ့တဲ့တပတ်က ဆစ်ဒနီမြို့က Hillsong ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ လူပေါင်း ၃၀၀၀ ကျော်နဲ့အတူ ဘုရားကျောင်းတက်ခဲ့တဲ့ ဘီဘာက ပြောဆိုခဲ့ပါတယ်။ အဲဒီဘုရားကျောင်းမှာလည်း သူ့ရဲ့သတို့သမီးကို ရှာဖွေခဲ့ပါသေးတယ်။

သူရှာဖွေနေတဲ့ သတို့သမီးလောင်းဟာ ခရစ်ယာန်ဘာသာကို ကိုင်းရှိုင်းတဲ့လူ၊ ကနေဒါနိုင်ငံမှာ သူနဲ့အတူနေနိုင်သူ၊ သူရဲ့ကလေးတွေကို မွေးချင်တဲ့လူဖြစ်မှသာ လက်ထပ်မှာပါလို့ ပြောဆိုထားပါသေးတယ်။

ဂျက်စတင်ဟာ နာမည်ကျော် အဆိုတော် မော်ဒယ်တဦးဖြစ်တဲ့ ဆယ်လီနာဂိုမက်စ်နဲ့ ၂၀၁၀ ခုနှစ် ကနေ ၂၀၁၂ ခုနှစ်အထိ လက်တွဲခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သြစတြေးလျ မော်ဒယ်တစ်ဦးနဲ့လည်း လက်တွဲခဲ့ပြီး နာမည်ကြီးမော်ဒယ်လ်အများအပြားနဲ့လည်း တွဲခဲ့ဖူးပါတယ်။

Ref: dailymail.com

သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading