၁။ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတဝန်းလုံးရှိ ရုပ်ရှင်ရုံ များတွင် ၁၅.၉.၂၀၁၇ မှ ၂၁.၉.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် နေခြည်မှာ ရွှေရည်လောင်း၊ ကြီးမြတ်သော မြန်မာ၊ သရာစောထိ၊ ဒီမိုရပ်ကွက်၊ တိမ်ပြာသောနေ့ စသော ရုပ်ရှင်များ ပြသသွားမည် ဖြစ်ပြီး ရုပ်ရှင်ပွဲတော် ပထမနေ့တွင် အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၂။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော AFF U18 CHAMPIONSHIP 2017 ဘောလုံးပြိုင်ပွဲကို အောင်ဆန်း အားကစားကွင်းနှင့် သုဝဏ္ဏအားကစားကွင်းတို့တွင် ၄.၉.၂၀၁၇ မှ ၁၇.၉.၂၀၁၇ ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ၁၃.၉.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပြီး လက်မှတ်များကို ၁ ထောင်မှ ၃ ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
၃။ အဆိုတော် ၂၀ ကျော် ပါဝင်ဖျော်ဖြေမည့် မလွန်ဆန်နိုင်သော သဘာဝအမှန်တရား ဒုတိယအကြိမ် ရန်ပုံငွေဂီတ ကုသိုလ်ပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၁၆.၉.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ပွဲလက်မှတ်များကို ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ပွဲအကျိုးအမြတ်များကို သန်လျင် သဘာ၀ တရားရိပ်သာသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
၄။ K-FOOD FAIR 2017 ကိုရီးယား အစားအသောက် ပွဲတော်ကြီးကို ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Junction City Level (2) Promotion Area Main Atrium တွင် ၁၆.၉.၂၀၁၇ မှ ၁၇.၉.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ နာမည်ကြီး အဆိုတော်များ ဖြစ်ကြတဲ့ နီနီခင်ဇော်၊ ArT တို့၏ ဖျော်ဖြေတင်ဆက်မှုများ၊ ကိုရီးယားနိုင်ငံ နာမည်ကြီး စားဖိုမှူး Cha,Min-Uk ၏ လက်တွေ့ဟင်းချက် သရုပ်ပြမှုနှင့် ကိုရီးယားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု အကများကိုလည်း ဖျော်ဖြေ တင်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ Everybody’s Night Out Hip Hop/ R&B Style in YangonYangon ဂီတပွဲကို ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆာကူရာတာဝါရှိ YangonYangon Bar ၁၄.၉.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေး အခမဲ့ဖြစ်ပြီး Hip Hop ၊ R & B ဂီတများကို ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၆။ Freestyle Open Mic ဂီတ အက ပွဲကို မဟာဗန္ဓုလလမ်းနှင့် ၄၇ လမ်းထောင့်ရှိ 7th Joint Bar & Grill တွင် ၁၇.၉.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်ကြေးအခမဲ့ ဖြစ်ပြီး underground မှ လူသိ မများသေးသည့် အဆိုတော်၊ အကသမားများ၏ အနုပညာ စွမ်းရည်များကို ကြည့်ရှုခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။
၇။ ပန်းချီ လက်ျာလင်းနိုင်၏ a little tree (သစ်ပင်ပေါက်ကလေး) ပန်းချီပြပွဲကို ပြည်လမ်း၊ ကိုးမိုင်အောင်မြေဘုံသာ ရှမ်းကျောင်းတွင် ၁၇.၉.၂၀၁၇ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် အသက် ၁ နှစ်ပြည့် သမီးလေး မမေမာလာလင်း၏ ပုံတူပန်းချီကားများကို ပြသသွားမည် ဖြစ်ပြီး ပရိသတ်များကို အကျွေးအမွေးများဖြင့် ဧည့်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီ မောင်မောင်သိမ်း (ပုသိမ်) ရဲ့ ၅ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို လောကနတ် အနုပညာပြခန်းတွင် ၁၆.၉.၂၀၁၇ မှ ၂၅.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ဆီဆေး၊ အခရိုင်းလစ် ရှုခင်းပန်းချီကား ၂၀ ကျော်ပြသသွားမည် ဖြစ်သည်။
၉။ ပန်းချီဆရာ ၁၇ ဦးပါဝင်သော Monsoon Melodies 2017 ပန်းချီ ပြပွဲကို ယောမင်းကြီးလမ်းရှိ ၆၅ ပန်းချီ ပြခန်းတွင် ၁.၉.၂၀၁၇ မှ ၃၀.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် မီဒီယံစုံ လက်ရာစုံ ပန်းချီကား ၅၀ ကျော် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀။ New Zero Art Class သင်တန်းဆင်း THE NINTH ပန်းချီ ပြပွဲကို အလံပြဘုရားလမ်း၊ United Condo ရှိ New Zero Art Space တွင် ၈.၉.၂၀၁၇ မှ ၁၇.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါပန်းချီ ပြပွဲတွင် သင်တန်းသားများ၏ လက်ရာစုံပန်းချီကား ၂၀ ကျော်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။