အဆိုတော် ပိုပိုက မေလ ၁၆ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့မှာ သူမရဲ့ အဘွားတည်ခဲ့တဲ့ ဝေါမြို့မှာရှိတဲ့ ဘုရားမှာ အလှူပြုလုပ်ရင်း ဖြတ်သန်းသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
ပိုပိုက “မွေးနေ့မှာ အဘွားတည်ထားတဲ့ ဘုရားမှာ အလှူလုပ်မယ်။ ဘုရားက ဝေါမြို့နယ်အစပ်နားက ရွာလေးမှာ ဘုရားတည်ထားတာပါ။ ဘုရားကို တံတိုင်းတွေခတ်မယ်၊ ကြွေပြားကပ်မယ်။ အဲဒါတွေအတွက် ရေစက်ချမယ်။ မွေးနေ့ အလှူကိုလည်း အဲဒီမှာပဲ လုပ်မှာပါ။ သံဃာတော်တွေကို သင်္ဃန်း ပရိက္ခရာ လှူမယ်။ ရွာမှာရှိတဲ့ လူတွေကို ထမင်းကျွေးမယ်” လို့ ပိုပိုက ပြောပါတယ်။
မွေးနေ့ မနက်ပိုင်း ဘုရားမှာ အလှူပြုလုပ်ကာ ညပိုင်းမှာတော့ အနုပညာရှင် သူငယ်ချင်းများနှင့်အတူ Pool Party ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပိုပိုက သီချင်းအသစ်တွေလုပ်နေပြီး သူမရဲ့ တတိယ တကိုယ်တော်အခွေဖြစ်တဲ့ Master Pieces အခွေအတွက် Music Video များ ရိုက်ကူးလျက်ရှိတယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သတ်လို့ “အခုတလောက ပိုပို သီချင်းအသစ်တွေ လုပ်နေပါတယ် “Let Me Kiss You” ဆိုတဲ့ သီချင်းရယ် ၊ “ဘာဆက်လုပ်ရမလဲ” ဆို တဲ့ သီချင်းရယ်ကို ပိုပို့ရဲ့ Master Piece အခွေထဲမှာထည့်ဖို့အတွက် လုပ်နေပါတယ်။ MTV ရိုက်မယ် ခွေထွက်ဖို့ ကြိုးစားနေပါတယ်” လို့ ပိုပိုက ပြောပါတယ်။
ပိုပိုက တကိုယ်တော်အခွေများဖြစ်တဲ့ “ချစ်ဖူးခဲ့သမျှ” ၊ “အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို” ၊ “Master Pieces” အခွေများ ထွက်ရှိထားပြီး ပရိသတ်ကြိုက်နှစ်သက် အားပေးခြင်း ခံထားရတဲ့ အဆိုတော်တယောက် ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် –“အမေ့ကို မွေးကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးဆပ်ခွင့်ရမယ်ဆို ကျေးဇူးဆပ်မှာပါ” ဆိုတဲ့ အဆိုတော် ပိုပို