နောက်ထပ် ထွက်ရှိလာတော့မယ့် “Avatar” ရုပ်ရှင်ကတော့ အပူပိုင်းဒေသမှာ ဇာတ်အိမ်တည်မှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းမှာ ရုပ်ရှင်ရဲ့ Twitter အကောင့်ကနေ မကြာမီ ရုံတင်တော့မယ့် “Avatar 2” ရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် ပန်ဒိုရာ ကမ္ဘာသစ်ရဲ့ ပထမဆုံးတရားဝင် ဓာတ်ပုံတွေကို ချပြခဲ့ပါတယ်။ အဲ့ဒီ Concept Art ဓာတ်ပုံတွေထဲမှာဆိုရင် လှပတဲ့ အပူပိုင်း ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ Na’vi ဇာတ်ကောင်တွေကို ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ်မှာ ကနဦးဖြန့်ချိဖို့ စီစဉ်ထားခဲ့တဲ့ “Avatar 2” ဟာ ဇာတ်လမ်းအသစ်ဖန်တီးဖို့ ဒါရိုက်တာ James Cameron ရဲ့ အမြင်ကို ဖြည့်ဆည်းဖို့ နည်းပညာအသစ်တွေ ထည့်သုံးရေးအတွက် အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီ နောက်ဆက်တွဲ ဇာတ်လမ်းတွေနဲ့ ပတ်သက်လို့ ဒါရိုက်တာ Cameron က “၂၀၁၃ ခုနှစ်ကစလို့ အခုအထိ ရုပ်ရှင်အသစ် ၄ ကားလုံးအတွက် ကမ္ဘာတခုလုံးကို ဒီဇိုင်းရေးဆွဲပြီးပါပြီ” လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောဆိုခဲ့ပါတယ်။
ဒါရိုက်တာကြီးက “ကျနော်တို့က အဲ့ဒီရုပ်ရှင် ၄ ကားလုံးအတွက် ဇာတ်ညွှန်းတွေကို ရေးသားပြီးပါပြီ။ သရုပ်ဆောင်တွေလည်း ရွေးပြီးပြီ။ ဒုတိယမြောက်ရုပ်ရှင်နဲ့ တတိယမြောက် ရုပ်ရှင်၊ စတုတ္ထမြောက် ရုပ်ရှင်ပထမဆုံးအပိုင်းတွေကို ရိုက်ပြီးခဲ့ပါပြီ။ Live-action ပုံစံနီးပါးကိုလည်း ဖန်တီးခဲ့ပြီးပါပြီ။ နွေဦးကာလ ကျရင်လည်း နယူးဇီလန်မှာ ၂ လလောက် ရှိပါမယ်။ ဒါကြောင့် ကျနော်တို့လုပ်ရမယ့် အရာကို လမ်းကြောင်းမှာ တင်ပေးထားပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အချိန်ဇယားအတိုင်း ပြသပါမယ်”လို့ ဆိုပါတယ်။
“Avatar 2” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး နောက်ဆက်တွဲ ရုပ်ရှင် ၃ ကားကိုတော့ ၂၀၂၃၊ ၂၀၂၅ နဲ့ ၂၀၂၇ ခုနှစ်တို့ရဲ့ ဒီဇင်ဘာလတွေမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
Ref: etcanada
You may also like these stories:
တောင်ကိုရီးယား ရုပ်ရှင်နဲ့ စီးရီးတွေထဲမှာ အသုံးချခံဖြစ်လာတဲ့ မြောက်ကိုရီးယား
Marvel ပရိသတ်တွေ ကျေနပ်မိကြရတဲ့ “The New Mutants” ရုပ်ရှင် Trailer
“Birds of Prey” ရုပ်ရှင်မှာ Joker ပါဝင်လာဖို့ ရှိ၊ မရှိ အတည်ပြုပေးလိုက်တဲ့ မင်းသမီး Margot Robbie