Entertainment

ဂျက်ကီချန်းထံကနေ သင်ကြားမှုတွေနဲ့ အကူအညီတွေ ရခဲ့တယ်လို့ John Cena ဆို

Want create site? Find Free WordPress Themes and plugins.

WWE စူပါစတား၊ မင်းသား John Cena က မင်းသားကြီး ဂျက်ကီချန်းနဲ့ အလုပ်အတူတူ လုပ်ခဲ့ရတာဟာ သူ့ဘဝရဲ့ အကောင်းဆုံး အတွေ့အကြုံတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အခုနှစ်အတွင်းမှာ ပြသတော့မယ့် “Project X-Traction” ရုပ်ရှင်မှာ အတူတူ ပါဝင်ထားကြတာလည်း ဖြစ်ပါတယ်။

တရုတ် ကိုယ်ခံပညာ သိုင်းမင်းသားကြီး ဂျက်ကီချန်းနဲ့အတူ အလုပ်အတူတူ လုပ်ရမယ့် အခွင့်အရေး ရှိတဲ့ ရုပ်ရှင်ကို ရောင်းစားခံလိုက်ရသလို ခံစားခဲ့ရပြီး ရိုက်ကွင်းပေါ်မှာ မင်းသားကြီး ချန်းက သူ့ကို အကြံဉာဏ်တွေနဲ့ အတွေးအမြင်တွေ ပေးခဲ့လို့ ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။

Collider မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသား John က “ဒါဟာ တော်တော်လေးကို ထူးခြားတဲ့ ကျနော့်ရဲ့ အကောင်းဆုံး အတွေ့အကြုံတွေထဲက တခုပါ။ သူက သိထားတာထက်ပိုပြီး ကျနော့်ကို ကူညီပြီး သင်ကြားပေးခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျနော်က သံမှိုလို စွဲမှတ်ထားရမယ့် ရုပ်ရှင်တကားအတွက် အလုပ်လုပ်ရမယ်လို့ ပြောမိမှာပါ”

“အခုတယောက်ကတော့ ကျနော့်ကို ဂျက်ကီက ဒါကို လုပ်ချင်တယ်။ ကျနော်က ရောင်းစားခံလိုက်ရတယ်။ ဒါက တော်တော်လေးကို အကျိုးသက်ရောက်မှု ရှိတယ်။ သူက ဗဟုသုတ ဟင်းလေးအိုးကြီးပဲ။ သူက အဲ့ဒီဗဟုသုတတွေကို ပေးဝေဖို့ ကြိုးစားနေတာပါ။ တော်တော်လေးကို မိုက်ပါတယ်။ သူဟာ ဘေးနားမှာရှိရင်ကို တော်တော်လေးမိုက်ပါတယ်” လို့ ဆိုပါတယ်။

အသက် ၄၂ နှစ်အရွယ် နပန်းသမား John က အသက် ၆၅ နှစ်အရွယ် မင်းသားကြီး ဂျက်ကီချန်းဟာ သူ့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ ဇာတ်ကြောင်းပြောသူဖြစ်ပြီး ရုပ်ရှင်အပေါ် လွှမ်းမိုးမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အသံတိတ်ခေတ်တုန်းက စတားတွေဖြစ်တဲ့ ချာလီချက်ပလင်နဲ့ ဘတ်စတာ ကီတန်တို့လို တကယ့်ကို ထူးခြားတဲ့ စတန့်ပြကွက်တွေကို ပိုင်ဆိုင်ထားတယ်လို့လည်း ဆိုပါတယ်။

John က “WWE မှာတော့ ပြောရတာ နည်းနည်း စိတ်မသက်မသာဖြစ်ရတဲ့ စီးပွားရေး လုပ်ငန်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဇာတ်လမ်းကတော့ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်တဲ့အပြင် ကမ္ဘာတဝန်းကိုပါ ဝင်ဆန့်မှာပါ။ ခင်ဗျားတို့က ဒါလူကောင်း၊ ဒါလူဆိုး ဆိုပြီး ခွဲခြားနိုင်မှာပါ။ ဂျက်ကီဟာ သူ့ရဲ့ မျိုးဆက်မှာ တယောက်ဆိုတယောက် ထွန်းပေါက်တဲ့သူပါ။ သူလုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ ဖျော်ဖြေခဲ့တဲ့အရာတွေက ရူးလောက်ပါတယ်”

“သူဟာ ကျနော်တို့မျိုးဆက်ရဲ့ အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာ ဇာတ်ကြောင်း ပြောသူ ဖြစ်ပါတယ်။ ချာလီချက်ပလင်နဲ့ ကီတန်တို့အကြောင်း ပြောမယ်ဆိုရင် ချန်းရဲ့ အကြောင်းကိုလည်း စကားထည့်ပြောရမယ်။ ကြက်သီးထဖို့ကောင်းပါတယ်။ သူ့အသက်၊ သူ့အရွယ်နဲ့ တော်တော်လေးကို ထူးခြားပါတယ်။ အမြဲတမ်းလည်း ဖန်တီးမှုအား ကောင်းပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref: aisaone

You may also like these stories:

ပရိသတ်အချစ်တော် “Mulan” မင်းသမီး Liu Yifei ရဲ့ အကြောင်း

“Vanguard” ရုပ်ရှင်ရိုက်ကွင်းမှာ ရေနစ် သေဆုံးလုနီးပါး ဖြစ်ခဲ့ရတဲ့ ဂျက်ကီချန်း

တောမီးကြောင့် Terminator ရုပ်ရှင်အထူးပွဲ ဖျက်သိမ်းခဲ့ရပြီး မင်းသားကြီး အာနိုး အိမ်ပြောင်းခဲ့ရ

Did you find apk for android? You can find new Free Android Games and apps.
Loading