Beauty Blogger၊ သရုပ်ဆောင် နေခြည်ဦးက She Shines Jewelry နဲ့အတူ အွန်လိုင်း Live Sale ပြုလုပ်ခဲ့ပြီး ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို လှူဒါန်းလျက်ရှိရာ ဒုတိယအကြိမ်အဖြစ် ဧရာဝတီစင်တာနဲ့ ဖောင်ကြီး ကိုဗစ်စင်တာတို့ကို ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“She Shines Jewelry နဲ့ နေခြည်တို့ရဲ့ ဒုတိယမြောက် အလှူအဖြစ် မနေ့က ဧရာဝတီ COVID-19 ကုသရေးစင်တာ လိုအပ်တဲ့ နေရာတွေအတွက် အလှူငွေ သိန်း ၁၀၀၊ ဖောင်ကြီး COVID-19 ကုသရေးစင်တာ အတွက် ၁၂ သိန်းတန် Oxygen Concentrator (10L) ၉ လုံးနဲ့ ပုလဲမြို့သစ် လူနေအိမ်ထောင်စုဝင်တွေ အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးသေတ္တာ စတဲ့ အခြေခံစားသောက်ကုန် သိန်း ၃၀ ဖိုး၊ စုစုပေါင်း ၂၃၈ သိန်းကို မနေ့က သွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။
ဧရာဝတီစင်တာရဲ့ လိုအပ်တဲ့နေရာများအတွက် အလှူငွေ သိန်း ၁၀၀၊ ဖောင်ကြီး ကိုဗစ် ကုသရေးစင်တာအတွက် ၁၂ သိန်းတန် Oxygen Concentrator (10L) ၉လုံး ၊ ပုလဲမြို့သစ်မှ လူနေ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် သိန်း ၃၀ ဖိုးတို့ကို လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အလုပ်မအားတဲ့ကြား ဧရာဝတီ ကိုဗစ် စင်တာကော၊ ဖောင်ကြီး ကိုဗစ်စင်တာပါ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တာတော့ တကယ့်ကို အမှတ်တရပါပဲ။ နေခြည်တို့ ပြုပြုသမျှ ကုသိုလ်ကောင်းမှုအတွက် သာဓုခေါ်ဆိုနိုင်ဖို့ လှူဒါန်းဖြစ်တဲ့ အမှတ်တရတွေကို မျှဝေပေးလိုက်ပါတယ်”
“နေခြည်တို့ရဲ့ အလှူလေး အောင်မြင်စွာ ပြီးမြောက်အောင် အဘက်ဘက်က ဝိုင်းဝန်းကြိုးစားပေးခဲ့တဲ့ နေခြည့် Team အပါအဝင် She Shines ရဲ့ Customer အယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေရှင်” လို့ နေခြည်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ငွေကျပ် သိန်း ၁၀၀ နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနတို့မှာ ငွေကျပ် ၂၈၂ သိန်းတို့ကို လှူဒါန်းခဲ့ပါသေးတယ်။
ဒီအလှူဒါနကတော့ “She Shines Jewelry” နဲ့အတူ နေခြည်ဦးက “Facebook Online Sales and Charity Event” အနေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့နဲ့ နိုဝင်ဘာလ ၁ ရက်နေ့များမှာ ၂ ရက်တာ ရောင်းချပေးခဲ့ခြင်းမှ ရရှိသော အကျိုးအမြတ်များကို ပြန်လည် လှူဒါန်းတာ ဖြစ်ပါတယ်။
You may also like these stories:
Oxford နဲ့ AstraZeneca တို့ ထုတ်လုပ်မယ့် တန်ဖိုးနည်း ကိုဗစ် ကာကွယ်ဆေးသစ်
COVID-19 ကာကွယ်ဆေးသစ်များကို WHO ကြိုဆို
ကိုဗစ်-၁၉ အလွန် ကမ္ဘာ့ကျန်းမာရေးကွန်ရက်တွင် ထိုင်ဝမ်ပါဝင်ရေးကို ထောက်ခံခြင်း