ငါးဖယ်ကြော်ကို ပုံမှန်ရိုးရာထက် အသွင်တမျိုး ထူးဆန်းတဲ့ အရသာလေးနဲ့ ကြော်စား ကြည့်ရအောင်ပါ။ မြန်မာပြည်က ငါးဖယ်စစ်စစ်နဲ့ ကြော်စားတာ အရသာ အရမ်းကိုကောင်းပါတယ် …။ ထိုင်းလိုတော့ ထော့မန်ပါ လို့ ခေါ်ပါတယ်။
ထိုင်းငါးဖယ်ကြော် (Thai Style Fish Pancake)
ပါဝင်ပစ္စည်းများ
ငါးဖယ်သား စစ်စစ် – ၆၀၀ ဂရမ်
အနီရောင်ပာင်းအနှစ် – ၁ ဇွန်း (ထမင်းစားဇွန်း)
ပာင်းခတ်မှုန့် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
သကြား – ပါသည်ဆိုရုံ
ငါးငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း)
ကြက်ဥ – ၁ လုံး
ပဲတောင့်ရှည်ပါးပါးလှီး – ၁/၄ ခွက် (လက်ဖက်ရည်ပန်းကန်)
တောရှောက်ခါးရွက် – ၅ ရွက် (အရွက်ကလေးတွေကို ထပ်ပြီး မျှင်မျှင်လှီး)
ဆီ – ကြော်ရန်
စတီးဇလုံကြီးကြီးထဲမှာ ငါးဖယ်၊ ကြက်ဥ၊ အရသာ၊အနီရောင် ပာင်းခတ်အနှစ် တို့ကို ထည့်ပြီး လက်ဖနောင့်နဲ့ ထိုးနယ်ပါ …။
ဇလုံကို ခပ်စောင်းစောင်းထားပြီး ငါးဖယ်သားကျစ်ပြီး ပွလာစေဖို့ ၅ ချက်လောက် ရိုက်ပြီးနယ်ပါ။
ပါးပါးလှီးထားတဲ့ ပဲတောင့်ရှည်နဲ့ တောရှောက်ခါးရွက် တို့ကိုလည်း ထည့်ပေါင်းနယ်ပါ။
ဒယ်အိုး တလုံးမှာ ဆီများများကို ပူသည်ဆိုရုံလေး မီးအပူရှိန်ပေးထားပါ။ ငါးဖယ်တွေကို ဒိုးလိုးပုံစံလေးတွေ ရအောင် ပြုပြင်ယူပြီး ဒယ်အိုး ဆံ့လောက်သည်အထိ ထည့်ပြီးပြီးဆိုမှ မီးအရှိန်ကို မြှင့်တင်ပြီး ရွှေညိုရောင်လေး ရအောင် ကြော်ယူ စစ်ထားပါ။
ဆီများများနဲ့ Deep fried ကြော်တဲ့ပုံစံမျိုး (ဆီပေါလော) ကြော်ဖို့တော့ လိုအပ်ပါမယ်။ ငါးဖယ်ကြော် ပူပူလေးနဲ့ တွဲဖက်ဖို့အတွက် ကြက်သွန်နီ၊ သခွားသီးပါးပါးလှီးကို ကြက်ဖ ဆော့စ်လေးလောင်း၊ မြေပဲထောင်းလေး ထည့်ကာ နံနံပင်နဲ့ အလှဆင်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။ ။ အခုလို ငါးဖယ်နယ်ပြီးသားကို city mart တွေမှာ အရံသင့် ရနိုင်ပါတယ်။