၂၀၁၉ ခုနှစ်အတွက် ဇနီးမောင်နှံတွေ ပျားရည်ဆမ်းခရီးထွက်လို့ ကောင်းတဲ့ဒေသတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒီနေရာတွေထဲမှာ ထိုင်းနိုင်ငံ ၊ ဖိလစ်ပိုင်နိုင်ငံစတဲ့ အရှေ့တောင်အာရှရဲ့ဒေသတွေလည်းပါတယ်။
(၁) ဒူဘိုင်းနိုင်ငံ
ဒူဘိုင်းနိုင်ငံကတော့ မိုးမျှော်တိုက်ကြီးတွေနဲ့ ဖျော်ဖြေပွဲအမျိုးမျိုးတွေကြောင့် ချစ်သူစုံတွဲတွေ အတွက်ကတော့ ပျားရည်ဆမ်းခရီးထွက်လို့ ကောင်းတဲ့ နေရာပါပဲ။ ဒူဘိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံစာရင်းဝင် ထားသလို ယဉ်ကျေးမှုတွေ ပေါကြွယ်ဝတဲ့နေရာတနေရာပါ။ အာေ ရ ဗျအစားအသောက်က ကောင်းမွန်သလို အာရပ်လက်ဖက်ရည်ကလည်း နာမည်ကြီးပဲ ဖြစ်ပါတယ်။
(၂) မလေးရှားနိုင်ငံ
မလေးရှားနိုင်ငံကလည်း ကမ္ဘာ့အဆင့်မီအဆောက်အဦတွေ သစ်ပင်ပန်းမန်တွေကြောင့် စိတ်ဝင်စားစရာကောင်း တဲ့နိုင်ငံတနိုင်ငံပါပဲ။ ဒါကြောင့်လည်း ချစ်သူစုံတွဲတွေအနေနဲ့ ပျားရည်ဆမ်းခရီးထွက်လို့ ကောင်းတဲ့နေရာ တနေရာဖြစ်တဲ့အပြင် ဈေးနှုန်းလည်းချိုသာပါတယ်။
(၃) ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံဆိုရင်လည်း ဈေးသက်သက်သာနဲ့ သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ ငွေကုန်ကြေးကျ သက်သာတဲ့အပြင် ဗီယက်နမ်နိုင်ငံဟာ ယဉ်ကျေးမှုနဲ့ အနုပညာပေါကြွယ်ဝတဲ့နိုင်ငံ တနိုင်ငံပါပဲ။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်အတွက် ချစ်သူစုံတွဲတွေအနေနဲ့ ပျားရည်ဆမ်းခရီးသွားလို့ ကောင်းတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံကမ်းခြေပေါ်မှာ ချစ်သူစုံတွဲတွေအနေနဲ့ လက်ချင်းချိတ် လမ်းလျှောက်ပြီး နေဝင်ဆည်းဆာအလှကို ငေးကြည့်နိုင်ပါသေးတယ်။
(၄) ဖိလစ်ပိုင်နိုင်ငံ
ဖိလစ်ပိုင်နိုင်ငံကတော့ ကျွန်းပေါင်း ၇၁၀၇ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတနိုင်ငံပါ။ ဒါကြောင့်လည်း ကိုယ်ချစ်ရတဲ့ ကိုယ့်ချစ်သူနဲ့ ကမ်းခြေမှာ အေးအေးလူလူ အနားယူနေနိုင်ပါတယ်။ ထင်ရှားတဲ့ကျွန်း တွေကတော့ Mactan ကျွန်း ၊ Boracay ကျွန်းနဲ့ Panglao ကျွန်းတွေပါပဲ။ ခရီးထွက်လို့ အကောင်း ဆုံးအချိန်ကတော့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအတွင်းပါ။
(၅) ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံကလည်း ချစ်သူစုံတွဲတွေအနေနဲ့ ဈေးသက်သက်သာသာ လည်ပတ်နိုင်တဲ့နေ ရာတနေရာပါ။ ကမ္ဘောဒီးယားကမ်းခြေတလျှောက်မှာဆိုရင်လည်း ရင်ခုန်စရာကောင်းတဲ့နေရာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လည်း ဈေးသက်သက်သာသာနဲ့ ပျားရည်ဆမ်းခရီးထွက်ချင်သူ တွေအဖို့ကတော့ ကမ္ဘောဒီးယားနိုင်ငံက သင့်တော်တဲ့နေရာတနေရာပါပဲ။ အလည်သွားသင့်တဲ့ အချိန်ကတော့ အောက်တိုဘာလအနေ ဇွန်လအလယ် လောက်ပဲ ဖြစ်ပါတယ်။
Ref:traveltriangle