မော်ဒယ်ထုတ်လုပ်မှုအပိုင်းမှာ မျိုးဆက် ၅ ဆက်မြောက် ရောက်နေပြီး နည်းပညာပိုင်းမှာတော့ မျိုးဆက် ၄ ဆက်မြောက် နည်းပညာကိုပဲ ပြန်ပြီး အသုံးပြုထုတ်လုပ်လာတဲ့တိုက်လေယာဉ် ဖြစ်ပြီး လက်ရှိကမ္ဘာမှာတော့ အကောင်းဆုံးတိုက်လေ ယာဉ်တွေထဲက တခုပါပဲ။
လေခွင်းစနစ် ကောင်းတယ်၊ ပျံသန်းမောင်းနှင်ရမှုအပိုင်းမှာ ထိန်းချုပ်နိုင်မှု တည်ငြိမ်တယ်၊ အခြားလေယာဉ်တွေကို တိုက် ခိုက်ဖျက်ဆီးနိုင်စွမ်း မြင့်မားတယ်၊ ဒီအချက်တွေနဲ့တင် မော်ဒယ်ကို အခုလို မျိုးဆက်တွေ ပြောင်းလဲအဆင့်မြှင့်တင်ထုတ် လုပ် အသုံးပြုနေတာလည်း ဖြစ်ပါတယ်။
F-22 Raptor ကို မောင်းနှင်ခွင့်ပေးတဲ့ပိုင့်လော့တွေကလည်း တချက်ကြည့်၊ တချက်ပစ်၊ တချက်နဲ့သတ်နိုင်တဲ့ အစွမ်းအစရှိ သူတွေပါ၊ လေယာဉ်မှာကလည်း အာရုံခံစနစ်ပါတယ်၊ ဒီစနစ်က ပိုင်းလော့ကို ပစ်မှတ်အတွက် ခြေရာခံမိစေတယ်၊ ပစ်မှတ် ရှာဖွေဖို့၊ ပစ်ဖို့၊ လေယာဉ်ချင်း ယှဉ်ပစ်မှုအပိုင်းမှာ အသာစီးရလောက်အောင် ကူညီမှုပေးနိုင်တာလည်း ဖြစ်ပါတယ်။
မော်ဒယ်ကို ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ဝေဟင်ကနေ မြေပြင်ပစ်မော်ဒယ်အဖြစ် စမ်းသပ်လာတယ်၊ နောက်တော့ F-15 Eagle အမည်နဲ့ ဝေဟင်ကနေ ဝေဟင်ပစ် မော်ဒယ်မျိုး ထွက်လာပါတယ်။
ဒါပေမယ့် အမေရိကန်လေတပ်မှာ ရုရှားရဲ့ Su-27 Flanker, MiG 29 Flucrum နဲ့ တရုတ်ရဲ့ Shenyang J-11တို့လို ဘက် စုံသုံး တိုက်လေယာဉ်ကောင်းတွေကို ယှဉ်နိုင်ဖို့ မော်ဒယ်လိုအပ်မှုနဲ့အတူ အခုမော်ဒယ် ဖြစ်တည်လာပါတယ်။
မျိုးဆက် တဆက်ပြီးတဆက် ပြောင်းလဲမှုမှာ အဆင့်မြှင့်တင်မှုအကြီးစားတွေ လုပ်ဆောင်ခဲ့ပြီး အခု ပြီးပြည့်စုံတဲ့ တိုက်လေ ယာဉ်ကောင်းတစီး ဖြစ်လာပါပြီ။
အမေရိကန်အစိုးရကလည်း နာမည်ကျော် လေယာဉ်ကုမ္ပဏီတွေ ဖြစ်တဲ့ Lockheed, Boeing, McDonnell Douglas, Northrop နဲ့ General Dynamics လို ကုမ္ပဏီတွေကို တိုက်လေယာဉ်မော်ဒယ်သစ်တွေ အစမ်းပြသ မိတ်ဆက်လာဖို့ တိုက် တွန်းခဲ့ပါတယ်။
နောက်တော့ Lockheed ကနေ ဖန်တီးမိတ်ဆက်တဲ့ YF-22 ကို အစမ်းအဖြစ် ၁၉၉၁မှာ ရွေးချယ်တယ်၊ F-22A အမည်နဲ့ အ ဆိုပါ အစမ်းမော်ဒယ်ကို ၁၉၉၇မှာ စတင် ပျံသန်းမှု လုပ်ဆောင်ခဲ့တာလည်း တွေ့ရပါတယ်။ ဒါဟာ F-22 Raptor တွေရဲ့အစ မြစ်ဖျားလည်း ဖြစ်ပါတယ်။

F-22 Raptor က တိုက်ခိုက်ရေးအပြင် မြေပြင်ခြေရာခံစနစ်ကိုလည်း လုပ်ဆောင်နိုင်တယ်၊ မြေပြင်က ရန်သူ့ရေဒီယိုတွေက နေ အချက်ပြမှုကို ဖမ်းတယ်။ တည်နေရာ အတည်ပြု သတ်မှတ်ပြီး တိုက်ခိုက်မှု လုပ်ဆောင်နိုင်တဲ့အစွမ်း ရှိတာဖြစ်ပါတယ်။ ပေါင် ၁၀၀၀ လေးတဲ့ဗုံးကို ဝေဟင်ကနေ မြေပြင်ပစ်မှတ်ကို ထိချက်မှန်အောင် အမြင့်ပေ ၅၀၀၀ ကနေ ပစ်ချနိုင်တယ်။
ရေပြင်ညီဆိုရင်လည်း F-22 Raptor ကနေ အကွာအဝေး ၂၄မိုင်က လှုပ်ရှားပစ်မှတ် ထိအောင် ပစ်ချနိုင်ပါသေးတယ်။
အခု မော်ဒယ်ကို အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားက အမှတ် ၂၇နဲ့ ၉၄ လေတပ်တွေ၊ အမှတ် ၁၄၉ ဝေဟင်လုံခြုံရေးတပ်၊ ဟာ ဝိုင်ရီက အမှတ် ၁၉ လေတပ်၊ အမှတ် ၁၉၉ ဟာဝိုင်ရီ ဝေဟင်လုံခြုံရေးတပ်၊ အမှတ် ၄၃၊ ၃၀၁နဲ့ ၉၅ ဖလော်ရီဒါ လေတပ်၊ အ မှတ် ၉၀၊ ၅၂၅နဲ့ ၃၀၂ အလက်စကားလေတပ်၊ အမှတ် ၄၃၃ နီဗားဒါးလေတပ်တွေမှာ သုံးနေတာ တွေ့ရပါတယ်။
ပထမဆုံး အခု မော်ဒယ်ကို ကာကွယ်ရေးလုပ်ငန်းအဖြစ် စသုံးတာက ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီအတွင်းက ဂျပန်မှာ ရှိတဲ့ Kadena လေတပ်စခန်းမှာ စထားခဲ့တာပါ။ ဆီရီးယားနဲ့ အီရတ်အတွင်းက အစ္စလာမစ်အစွန်းရောက်တွေကို တိုက်ခိုက်မှု တွေမှာလည်း သုံးခဲ့တာ တွေ့ရပါတယ်။
၂၀၁၄ ခုနှစ်အတွင်းထိအောင် မှတ်တမ်းတွေအရ F-22 Raptor တွေဟာ တိုက်ခိုက်ရေးခရီးစဉ် ၂၀၄ ခု ပျံသန်းထားတယ်၊ ပစ်မှတ် ၆၀ ကို ဗုံးပေါင်း ၂၇၀ ကျော် ပစ်ချခဲ့တာလည်း ဖြစ်ပါတယ်။
မော်ဒယ်က အခန်းတခန်းပဲပါတယ်၊ လေယာဉ်မှူးတယောက်ပဲ လိုက်ပါတိုက်ခိုက်တယ်၊ အစပိုင်း ၁၉၉၆မှာ အခန်း ၂ ခန်း၊ လေယာဉ်မှူး၂ ဦးစား ဒီဇိုင်းဆွဲခဲ့ပေမယ့် ထုတ်လုပ်မှုကုန်ကျစရိတ်ကြောင့် တခန်း၊ တယောက်စာပဲ ဖန်တီးထုတ်လုပ်ခဲ့တာ ပါ။
ထူးခြားချက်တခုက F-22 Raptorရဲ့ ရေဒါတည်နေရာစနစ်ဟာ တစက္ကန့်ကို အကြိမ် ၁၀၀၀ လောက်ထိအောင် လှိုင်းပြောင်း လဲနေမှု ရှိပြီး ရန်သူက မော်ဒယ်ရဲ့တည်နေရာကို ရှာလို့ မရအောင် ပြောင်းလဲနေတာ ဖြစ်ပါတယ်။
မော်ဒယ်ကို Boeingရဲ့ လက်အောက်ခံ Lockheed-Martin ကနေ ထုတ်လုပ်ထားတယ်၊ Pratt & Whitney F119-PW-100 အင်ဂျင်ကို တပ်ဆင်ထားတယ်။
အင်ဂျင်တလုံးစီကနေ လေထုအတွင်း တိုးအား ပေါင် ၃၅၀၀၀ စီထုတ်ပေးနိုင်တယ်၊ မျက်နှာစာအကျယ် တောင်ပံအပြန့် ၄၄ ပေနဲ့ ၆လက်မ ရှိတယ်၊ ရှေ့နောက် အလျား ၆၂ပေနဲ့ ၁လက်မ၊ အမြင့် ၁၆ပေနဲ့ ၈လက်မ ဖြစ်ပါတယ်။
မော်ဒယ်ရဲ့တစီးလုံးအလေးချိန် ၁၉၇၀၀ ကီလိုဂရမ် ရှိပါတယ်။ ဆီတိုင်ကီက ပင်မ ဆီတိုင်ကီနဲ့ တောင်ပံတိုင်ကီ ၂လုံးပါ တယ်။ ပင်မ တိုင်ကီက ကီလို ၈၂၀၀ ထိအောင် လေးတဲ့ဆီကို ထည့်နိုင်ပါတယ်။
တောင်ပံတွေက ဆီတိုင်ကီတွေမှာတော့ ၅၉၅၀ကီလို လေးတဲ့ဆီတွေကို တဖက်စီ ဖြည့်နိုင်မှာပါ။ ဆီတိုင်ကီအားလုံး အပြည့့် နဲ့ဆိုရင် ခရီးမိုင် ၁၈၅၀ လောက်ထိအောင် ရောက်နိုင်ပါတယ်။
အမြင့်ပေ ၅၀၀၀၀ ထိအောင် အမြင့်ဆုံး ပျံသန်းနိုင်ပါတယ်။ ကျည်အတောင့် ၄၈၀ ပစ်နိုင်တဲ့ M61A2 ၂၀ မမ လက်နက် ပါတယ်၊ ဝေဟင်ပစ် AIM-9 ဒုံးကျည်ပါတယ်။
ရေဒါအခြေခံစနစ်နဲ့ ပစ်ခတ်မယ့် ဝေဟင်ကနေ ဝေဟင်ပစ် ကျည် ၆တောင့်ပါ AIM-120 ဒုံးကျည် ပါမယ်၊ ပေါင် ၁၀၀၀ လေးတဲ့ GBU-32 JDAMs ဗုံး ၂လုံး၊ ဝေဟင်ကနေ မြေပြင်ရော ဝေဟင်ပါ ပစ်မယ့် ရေဒါအခြေပြု AIM-120 ဒုံးကျည် လည်း ၂ လုံး ပါရှိပါတယ်။
လေယာဉ်က ထုတ်လုပ်မှုကုန်ကျစရိတ်တင် တစီးကို ဒေါ်လာ ၁၄၃ သန်းထိအောင် တန်ပါတယ်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ က တည်းက အပြီးသတ် ထုတ်လုပ်ထားနိုင်တာ ဖြစ်ပြီး အခုချိန်ထိအောင် ကမ္ဘာမှာ ၁၉၃ စီးပဲ ထုတ်လုပ်အသုံးပြုနေတာ ဖြစ်ပါ တယ်။
www.businessinsider.com