Trend

Relationship တခုမှာ ထိန်းချုပ်ခံနေရကြောင်း သိနိုင်မယ့်အချက် ၄ ချက်

Want create site? Find Free WordPress Themes and plugins.

တယောက်နဲ့တယောက် ချစ်ခင်ကြလို့ လက်တွဲကြတဲ့ကိစ္စမှာ ထိန်းချုပ်တာနဲ့ ဂရုစိုက်တာဟာ လုံးဝ မတူညီတဲ့ ကွဲပြား ခြားနားလှတဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။

Relationship တခုမှာ သင်ဟာ ထိန်းချုပ်ခံနေရတာလား ဂရုစိုက်ခံရတာလားဆိုတာကို ကွဲကွဲပြားပြား သိနိုင်စေဖို့အတွက် အခုဖော်ပြမယ့် အချက်တွေနဲ့ ဆန်းစစ်ကြည့်သင့်ပါတယ်။

(၁) Relationship တခုမှာ ထိန်းချုပ်တတ်သူတွေဟာ ကိစ္စတခုခု ဒါမှမဟုတ် ပြဿနာ တစုံတခု ဖြစ်ပေါ်တိုင်း သင့်အမြင်ကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သူ့တယောက်တည်း ဆုံးဖြတ်ချက်နဲ့ ပြုမူလုပ်ဆောင်တတ်ပါတယ်။ အသေးအဖွဲ ကိစ္စတွေမှာ ပြဿနာ မရှိပေမယ့် ရေရှည်မှာတော့ သင့်တို့ရဲ့ဆက်ဆံရေးမှာ မပြေလည်မှုတွေ ဖြစ်လာနိုင်ပါတယ်။

(၂) အဆိုးမြင်တဲ့ ဝေဖန်မှုတွေ ပြောဆိုခြင်းဟာလည်း ထိန်းချုပ်လိုသူတွေရဲ့ စရိုက်လက္ခဏာ တမျိုးပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဝေဖန်ပြောဆိုချက်တွေကြောင့် အချိန်ကြာလာတာနဲ့အမျှ သင်ဟာ သင့်ကိုယ်သင် တခုခုလွဲမှားနေတယ်ဆိုတဲ့ သံသယ တွေ ဝင်လာနိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်။

(၃) Relationship တခုမှာ ဘယ်လောက်ပဲ ချစ်တယ်လို့ပဲ ပြောနေပါစေ privacy (ကိုယ်ပိုင် လွတ်လပ်မှု) ကို ချိုးဖောက်တာမျိုးတွေဟာလည်း ထိန်းချုပ်လိုသူတွေရဲ့ အပြုအမူတမျိုးပဲ ဖြစ်ပါတယ်။ လူချင်းတွေ့တာနဲ့ ဖုန်းကို အရင်ယူစစ်တာ၊ Facebook Password တွေ တောင်းပြီး သင်ဘယ်သူတွေနဲ့ ဘာတွေပြောတယ် ဆိုတာမျိူးကို ယူစစ်ပြီး ပြဿနာရှာ စစ်ဆေးမေးမြန်း တာမျိုးတွေဟာ တကယ်ချစ်လို့ဆိုတာထက် သင့်ရဲ့ Privacy ကို ချိုးဖောက်ပြီး ထိန်းချုပ်လိုတာပဲ ဖြစ်ပါတယ်။

(၄) တကယ်လို့ သင့်မှာ သင့်ကိုထိန်းချုပ်တတ်တဲ့ လက်တွဲဖော်မျိုးရှိနေပြီဆိုရင်တော့ သူဟာ သင့်ရဲ့ဂရုစိုက်မှုတွေနဲ့ သင့်အချိန်တွေကို သူတဦးတည်းကိုပဲ ဂရုစိုက်ပြီး လိုချင်နေတတ်မှာ ဖြစ်ပါတယ်။ မိသားစုနဲ့သူငယ်ချင်းတွေအတွက် အချိန်ကို သူတဦးတည်း အတွက်ပဲ ကုန်ဆုံးစေတာကြောင့် ကြာလာတာနဲ့အမျှ မိသားစုနဲ့သူငယ်ချင်းအသိုင်းအဝိုင်းကြားထဲမှာ သင်ဟာတကိုယ်တည်း အထီးကျန်လာပြီး Depression (စိတ်ဓာတ်ကျ၊ စိတ်အားငယ်) ပါဝင်လာနိုင်ပါတယ်။

Ref ; steptohealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading