နေထိုင်သူများစွာနဲ့ စည်ကားလှပတဲ့မြို့တွေလည်းရှိသလို နေထိုင်သူ တယောက်တလေမှမရှိဘဲ အတိတ်ဆိုးတွေနဲ့ မြို့ပေါင်းများစွာလည်း ကမ္ဘာပေါ်မှာ တည်ရှိနေသေးတာပဲဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့်မြို့တွေကတော့ လူတွေနေထိုင်ခြင်းမရှိတော့ဘဲ စွန့်ပစ်ခဲ့တဲ့မြို့တွေနဲ့ အဲဒီမြို့တွေမှာ ဘာတွေဖြစ်ခဲ့ သလဲဆိုတာကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
(၁) Centralia , Pennsylvania
၁၉၆၂ခုနှစ် ၊ Centralia မြို့ရဲ့ မြေအောက်မှာ ထူးခြားဆန်းကြယ်တဲ့ မီးစွဲလောင်မှုကြောင့် အောက်ခြေမှာရှိတဲ့ မီးသွေးနဲ့ အောက်ဆီဂျင်တွေဟာ နှစ်ပေါင်းများစွာအထိကို လောင်ကျွမ်းနေခဲ့တာပဲဖြစ်ပါတယ်။ ယခုအချိန်ထိ မြို့ရဲ့အတွင်းပိုင်းမှာ ကျွမ်းလောင်နေဆဲလည်း ဖြစ်ပါတယ်။
(၂) Pripyat , Ukraine
၁၉၈၆ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရေဒီယိုသတ္တုကြွပစ္စည်းတွေ ပေါက်ကွဲလောင်ကျွမ်းခဲ့တဲ့ Chernobyl မြို့ အနားမှာ တည်ရှိ နေတာကတော့ Pripyat မြို့ ပဲဖြစ်ပါတယ်။ Pripyat မြို့ဟာလည်း မတော်တဆမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ နျူကလီးယားပျံ့နှံ့မှုကို တွေ့ကြုံခဲ့ရတာဖြစ်ပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာတွေဖြစ်လာနိုင်တာကြောင့် နေထိုင်သူ အားလုံးကို ပြောင်းရွှေ့စေခဲ့တာပဲဖြစ်ပါတယ်။
(၃) Isla De Las Munecas, Mexico
အရုပ်ကျွန်းလို့ လူသိများကြတဲ့ Mexico နိုင်ငံ Teshulio ရေကန်အနီးမှာရှိတဲ့ ဒီကျွန်းမှာဆိုရင်တော့ ယိုယွင်းပျက်စီးပြီး တွဲလောင်းကျနေတဲ့ အရုပ်ပေါင်းများစွာကြောင့် သရဲကားတွေထဲအတိုင်း ခြောက်ခြားမှုမျိုး ခံစားရမှာဖြစ်ပါတယ်။ Don Julian Santana ဆိုသူဟာ ၂၀၁၁ ခုနှစ်ခန့်က အမည်မသိ မိန်းကလေးငယ်တဦးကို ရေနှစ်သတ်ဖြတ်ခဲ့ပြီး သူကိုယ်တိုင်လည်း အဆုံးစီရင်ခဲ့တဲ့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာကြောင့် လူသူတဦးမှ ဒီကျွန်းမှာ နေထိုင်ခြင်း မရှိကြပါဘူး။
(၄) Okpo Land, South Korea
ပျော်ရွှင်စရာကောင်းတဲ့ ဖျော်ဖြေမှုတွေကို ပေးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံက Okpo Land ဟာဆိုရင်တော့ ၁၉၉၀ ခုနှစ် တုန်းက အရုပ်စီးရထားတခု မတော်တဆ လမ်းချော်မှု ဖြစ်ပွားခဲ့ရာကနေ စီးနင်းသူ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရပြီး အလားတူဖြစ်ရပ်မျိုးကိုပဲ ၁၉၉၉ ခုနှစ်မှာလည်း ထပ်မံဖြစ်ပွားခဲ့တာကြောင့် ပိုင်ရှင်ကိုယ်တိုင် ဒီကြောက်စရာကောင်းလှတဲ့ ဥယျာဉ်ကို ပိတ်သိမ်းခဲ့တာပဲ ဖြစ်ပါတယ်။
Ref. www.rd.com/