အမေရိကန်နိုင်ငံ၊ မိုင်ယာမီကမ်းခြေမှာရှိတဲ့ အနုပညာပြခန်းတခုမှာ ငှက်ပျောသီး တလုံးကို တိပ်နဲ့ ကပ်ထားတဲ့ ပုံတပုံကို အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ နဲ့ ဝယ်ယူသူရှိခဲ့တယ်လို့ ဈေးကွက် သတင်းတွေအရ သိရပါတယ်။
နံရံတခုမှာ ငှက်ပျောသီးကို တိပ်နဲ့ ကပ်ထားတဲ့ အနုပညာဖန်တီးမှုကို ပြုလုပ်ရောင်းချခဲ့တာဖြစ်ပြီး ၃ ခု ပြုလုပ်ခဲ့ရာ ၂ ခုက ရောင်းချပြီး ဖြစ်တယ်လို့ သိရပါတယ်။ နောက်ဆုံး ကျန်တဲ့ တခုကိုတော့ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
Maurizio Cattelan လို့ အမည်ရတဲ့ အသက် ၅၇ နှစ်အရွယ် အီတလီ အနုပညာရှင်က ဖန်တီးထားတာ ဖြစ်ပြီး သူဟာ သရော်တဲ့ဟန်ရှိတဲ့ ပန်းပုပစ္စည်းတွေကို ရောင်းချသူ ဖြစ်ပါတယ်။
“Comedian” လို့ အမည်ရတဲ့ ဒီအနုပညာဖန်တီးမှုကို မိုင်ယာမီကမ်းခြေမှာ ရှိတဲ့ ကုန်စုံဆိုင်တခုက ငှက်ပျောသီးနဲ့ တိပ်တို့ကို ဝယ်လာပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဖန်တီးမှုမှာ ပုံစံ ၃ မျိုးရှိပြီး ၃ မျိုးလုံးကို ရောင်းချမှာ ဖြစ်တယ်လို့ ပြခန်းတာဝန်ရှိသူက ပြောပါတယ်။
“ဒါဟာ နိုင်ငံတကာစီးပွားရေးရဲ့ အမှတ်အသား၊ ပြီးတော့ ဘယ်တော့မှ မရိုးတဲ့ ဟာသပုံစံ ဖြစ်ပါတယ်”လို့ ပြခန်းရဲ့ တာဝန်ရှိသူကပြောပါတယ်။ ဝယ်သွားသူတွေအတွက် ငှက်ပျောသီး စတင် ပုပ်သိုးသွားရင် ဘာတွေ ပြုလုပ်ရမယ်ဆိုတဲ့ ရှင်းပြချက်တော့ မပါရှိဘူးလို့ သိရပါတယ်။
ပြပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒီအနုပညာကို ပြုလုပ်တဲ့ ပညာရှင်ဟာ ဒီအကြံကို အကောင်အထည်ဖော်ဖို့ စိတ်ကူးနေတာ နှစ်တွေကြာပြီဖြစ်ကြောင်း၊ သူဟာ ခရီးသွားတိုင်း ငှက်ပျောသီး ဆောင်သွားပြီး အတွေးအမြင်အသစ်တွေ ပေါ်လာအောင် စဉ်းစားလေ့ရှိကြောင်း စတာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီအနုပညာကို ပြုုလုပ်ခဲ့တဲ့ ပညာရှင် Maurizio Cattelan ဟာ အင်္ဂလန်နိုင်ငံက နန်းတော်အတွင်းမှာ ထားရှိပြီး မကြာသေးခင်ကမှ ခိုးယူခံခဲ့ရတဲ့ ရွှေအိမ်သာခွက်ကို ဖန်တီးမှုနဲ့ လူသိများတဲ့ ပညာရှင်လည်း ဖြစ်ပါတယ်။
Ref. CNN
You may also like these stories:
အားဖြည့်အချိုရည် မရောင်းလို့ နိုက်ကလပ်ကို မီးရှို့ခဲ့တဲ့ အမျိုးသား
“အရက်တုဘုရင်”လို့ လူသိများတဲ့ မလေးရှားနိုင်ငံသားကို ထိုင်းမှာ ဖမ်းမိ
ရေခဲမုန့် အရသာရှိတဲ့ အပြာရောင် ငှက်ပျောသီး တမျိုး လူမှုကွန်ရက်မှာ ရေပန်းစားနေ
ကိုယ်အလေးချိန်ကို လျော့ကျစေမယ့် ဂျပန်လူမျိုးတွေရဲ့ ငှက်ပျောသီးစားပြီး ဝိတ်ချနည်း