အီတလီနိုင်ငံမှာ TikTok App အသုံးပြုသူ ၁၀ နှစ်အရွယ် မိန်းကလေးငယ် သေဆုံးပြီးနောက် အသက်အတိအကျ အတည်မပြုနိုင်တဲ့ အကောင့်တွေကို ပိတ်သိမ်းသွားဖို့ အီတလီ ကိုယ်ရေးအချက်အလက် စောင့်ကြည့်ရေးက ထုတ်ပြန်လိုက်ပါတယ်။
တရုတ်ပိုင် App တခုဖြစ်တဲ့ TikTok ပေါ်မှာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို အသုံးမပြုနိုင်အောင် ပိတ်သိမ်းထားသော်ငြားလည်း အလွယ်တကူ အဆိုပါ ကန့်သတ်ချက်ကို ရှောင်လွှဲလိုက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၅ ရက်မတိုင်ခင် အီတလီနိုင်ငံအတွင်းက အတည်မပြုနိုင်တဲ့ TikTok အကောင့်တွေကို ပိတ်သိမ်းသွားဖို့ ရေးသားထားပါတယ်။
တရုတ်နိုင်ငံ ByteDance ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကမ္ဘာတဝှမ်း တဟုန်ထိုး ခေတ်စားလာကာ အထူးသဖြင့် ဆယ်ကျော်သက် လူငယ်တွေကြား ရေပန်းစားနေတဲ့ TikTok ဘက်ကတော့ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြန်လည် တုန့်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။
ဆစ်စလီယာ၊ Palermo မှာနေတဲ့ TikTok အသုံးပြုသူ ၁၀ နှစ်အရွယ် ကလေးငယ် အသက်ရှုကြပ် သေဆုံးမှုက အီတလီနိုင်ငံကို တုန်လှုပ်စေခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပါ။ သေဆုံးသူ ကလေးမလေးရဲ့ မိဘတွေ ပြောပြချက်အရ TikTok ပေါ်က Blackout challenge လုပ်ဖို့ ခါးပတ်ကို သူမ လည်ပင်းပေါ် ပတ်ပြီး အသက်အောင့်ထားချိန်ကို ဖုန်းနဲ့ ရိုက်ကူးနေစဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
စုံစမ်းရေးမှူးတွေကတော့ ကိုယ့်ကိုယ်ကို သတ်သေမှုနဲ့ အမှုဖွင့်ထားပြီး သူမကို ဒီ Challenge မှာ ပါလာအောင် invite လုပ်ထားသူတွေကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ “ကိုယ်ရေးအချက်အလက် စောင့်ကြည့်ရေး အဖွဲ့ဘက်က အသက် ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးမှုမှာ ပါဝင်လာတယ်” လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
နောက်ပိုင်း TikTok ကနေ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကတဆင့် အသက်အရွယ်အတိအကျ မဖော်ပြနိုင်တဲ့ လိုအပ်ချက် မပြည့်စုံတဲ့ အကောင့်တွေကို ပိတ်သိမ်းသွားဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ အဆိုပါ ထုတ်ပြန်ချက်ဟာ အသက်ရွယ် မပြည့်သေးဘဲ သုံးနေတဲ့ အတည်မပြုနိုင်တဲ့ အကောင့်တွေကနေ ဗီဒီယိုတွေ တင်ခွင့် မပေးသင့်သလို တခြားအကောင့်တွေနဲ့လည်း အပြန်အလှန် ဆက်သွယ်မှု မရှိအောင် ပိတ်သိမ်းထားသင့်ကြောင်း ပါဝင်နေပါတယ်။
ဒီဇင်ဘာလအတွင်းက TikTok ပေါ်မှာ အကြမ်းဖက်မှု ပုံစံမျိုးတွေ တွေ့လာရပြီးနောက် အလေးပေး စောင့်ကြည့်ဖို့အတွက် ဖြစ်လာခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
Ref: Reuters
You may also like these stories:
လေယာဉ်မယ် Christine သေဆုံးမှု ကိုင်တွယ်နေတဲ့ ရဲမှူးကို ရာထူး ဖယ်ရှား
ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ
ဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ Tiktok နဲ့ Zoom သုံးစွဲမှု ရုပ်သိမ်း