ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ လူနေအိမ် ၃ လုံးနှင့် ဗီဒီယိုရုံ ၄ရုံ မီးလောင်ကြောင်း သိရသည်။ မီးလောင်မှုသည် ယမန်နေ့ ည နေ ၆ နာရီဝန်းကျင်၌ ဗီဒီယိုရုံတခုက စတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ကျပ် သိန်း ထောင်ဂဏန်း ဆုံးရှှုံးမည် ဟု ဒေသခံများက ခန့်မှန်းနေကြသည်။ ယခုမီးလောင်မှုသည် ရခိုင်ပြည်နယ်၌ ယခုလအတွင်း တတိယအကြိမ်ဖြစ်သည်။ နိုဝင်ဘာ ၁၂ ရက်နေ့တွင် မင်းပြားမြို့မ ဈေးကြီးတခုလုံး မီးလောင်သွားပြီး နိုဝင်ဘာ ၁ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ ၌ လူနေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။