အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ရောက်ရှိပါက လုပ်ငန်းစဉ် များ လွယ်ကူသက်သာစွာလုပ်ကိုင်နိုင်ဖွယ် မရှိကြောင်း ယမန်နေ့က သတိပေး ပြောကြားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးနေရာမှ ရွေ့လျားသွားပြီး လွှတ်တော်တွင်း ဒီမိုကရေစီအရ မတူညီသူများနှင့် အတူ ညှိနှိုင်း ဆောင်ရွက်မှုများ စတင်လုပ်ကိုင်ရမည်ဖြစ်သည်ဟုလည်း မစ္စ ဟီလာရီက ပြောကြားကြောင်း AFP သတင်းက ဆိုသည်။ မစ္စ ဟီလာရီ ကလင်တန် သည် အမေရိကန် ရုပ်ရှင်အနုပညာရှင်များ အဖွဲ့ ရုံးချုပ်၌ ပြသသော ဒေါ်အောင်ဆန်းစုကြည် ဘ၀ အကြောင်း ရိုက်ကူးထားသည့် The Lady ရုပ်ရှင် သွားရောက်ကြည့်ရှုရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ စတင် တက်ရောက်ရမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။