ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း နှင့် စင်္ကာပူနိုင်ငံ အခြေစိုက် ITHL ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း ဖိုင်ဘာ ကွန်ရက် တည်ဆောက်ခြင်း လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်း လိုင်းများနှင့် အင်တာနက် အချက်အလက်များ အဆင်ပြေ မြန်ဆန်စွာ အသုံးပြုနိုင်ရေး အတွက်ဖြစ်ကြောင်း၊ ယင်း ဖိုင်ဘာကွန်ရက် သည် ကီလိုမီတာ ၁၀၀၀၀ ကျော်ရှည်၍ နိုင်ငံတဝန်းရှိ digital microwave stations ၃၃၅ ခု နှင့် IP microwave stations ၇၅ ခု တည်ဆောက်ရန် အတွက် ဖြစ်ကြောင်း ဆင်ဟွာ သတင်းတပုဒ်၌ ပါရှိသည်။ ယမန်နေ့က ITHL ကုမ္ပဏီ နှင့် လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်လက်မှတ် ရေးထိုးကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။