မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေနှင့် အမေရိကန်က မြန်မာနှင့် ကုန်သွယ်ရေးပြန်လည် ဖွင့်လှစ်သင့်ကြောင်း အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်က တိုက်တွန်း ပြောကြားသည်။ အမေရိကန်က မြန်မာအပေါ်ချမှတ်ထား သော ဘဏ္ဍာရေးဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှုများကို မကြာသေးခင်က လျှော့ချပေးခဲ့သော်လည်း မြန်မာနိုင်ငံမှ အမေရိ ကန် သို့ ကုန်ပစ္စည်း တင်သွင်းခွင့်မှာ ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ၎င်းကပြောကြောင်းလည်း AP သတင်းတရပ်က ဆိုသည်။ မစ္စတာ ဂျင်မ် ဝက်ဘ်သည် ယခုလဆန်းပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။