အသက် ၁၅ နှစ် အရွယ်အိမ်ဖော် မအေးယုအောင်ကို ပဲခူးတိုင်း ပဲခူးမြို့ ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးက မီးပူဖြင့် လက်ရောက်ကျူးလွန်သည့် အမှုကို ပဲခူးမြို့ အမှတ် ၃ ရဲစခန်းတွင် အင်္ဂါနေ့က အမှုဖွင့်လိုက်ကြောင်း သိရသည်။ မီးပူဖြင့် လက်ရောက်ကျူးလွန်ခဲ့သူ ဒေါ်ဖြူဝင်းသက်၊ အမှုဖျောက်ရန်ကြိုးစားသူ ဦးအောင်ဖုန်းဝင်း၊ အမှုတိုင်တန်းမှုကို ရှောင်လွှဲ၍ထိန်ချန်မှုဖြင့် နယ်မြေခံ အမှတ် ၃ ရဲစခန်းမှူး ဦးသိန်းဦး တို့အား အဓိကအမှုဖွင့်ခြင်းဖြစ်ကြောင်း မအေးယုအောင်၏မိခင် ဒေါ်ကြူကြူက ပြော သည်။ မအေးယုအောင်၏ ဇာတိဖြစ်သော ကျောက်ကြီးမြို့မှ အမျိုးသမီးရေးရာအဖွဲ့၊ ရှေ့နေနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများကို လည်း တရားစွဲဆိုရန်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။