သတင်းတို
မယ်လ ဒုက္ခသည်စခန်း ဒေါ်အောင်ဆန်းစုကြည် သွားမည်
This article has been converted from Zawgyi One to Unicode
ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည့် ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နှင့် အတူ နယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့ မေလ ၃၁ ရက်တွင် နေ့ချင်းပြန် သွားရောက်မည် ဖြစ် သည်။ မယ်လ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅ သောင်းခန့်ရှိကြောင်း၊ ထိုင်းနယ်စပ်တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည် တသိန်း ခွဲ နီးပါး ရှိကြောင်း သိရသည်။