၁၉၄၇ ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေ ပြင်ဆင် ဖြည့်စွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ ၌ ကျင်းပသော ယင်းဆွေးနွေးပွဲတွင် အခြားသော ဥပဒေ ဆိုင်ရာများ ကိုလည်း ဆွေးနွေးကြောင်း၊ ဥပဒေများ ကို ခေတ်ကာလနှင့်အညီ ကျင့်သုံးနိုင်ရေးအတွက် ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် လွှတ် တော် ဥက္ကဌ ဦးဟောက်ခင်ခမ်း နှင့် မြို့နယ်အလိုက် ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးကြကြောင်း အစိုးရ မြန်မာ့ အလင်း သတင်းစာ က ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။