သတင်းတို
ရခိုင် အမျိုးသား ကွန်ရက်ရုံး ရှောင်တခင် စစ်ဆေးခံရ
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ရခိုင် အမျိုးသား ကွန်ရက် ရုံးခန်းကို မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးက ယနေ့ နံနက်ပိုင်းတွင် ရှောင် တခင် သွားရောက် စစ်ဆေးကြောင်း သိရသည်။ ရခိုင်ပြည်နယ် အရေး နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား ကွန်ရက်က ဦးဆောင်၍ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရှေ့တွင် ဆန္ဒပြမည်ဟူသော သတင်းကြောင့် တရားဝင် ခွင့်ပြုချက် ယူရန် လာရောက် စစ်ဆေးပြောကြားခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင် ပြောသည်။ ဇူလိုင် ၂၁ ရက်နေ့ကလည်း ရပ်ကွက် အုပ်ချူပ်ရေးမှူး ၊ SB ၊ စရဖ နှင့် စသုံးလုံး အဖွဲ့များမှ လာရောက်၍ ရခိုင်အမျိုးသား ကွန်ရက် ဖွဲ့စည်း တည်ဆောက်ပုံနှင့် လူဦးရေ စာရင်း တောင်းယူသွားကြောင်း သိရသည်။