ဆရာတော် ဦးဝီရသူ ခေါင်းဆောင်သည့် မန္တလေးလူထုက စက်တင်ဘာလ ၁ ရက်နေ့(ဝါခေါင်လပြည့်နေ့)တွင် မန္တလေး မြို့နယ် ၆ မြို့နယ် သို့ သွားရောက်ကာ သမ္မတ ဦးသိန်းစိန် ၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း ဆန္ဒ ထုတ်ဖော်သွားမည် ဖြစ်သည်။ ယင်းသို့ ဆန္ဒ ထုတ်ဖော်ရာ၌ ရှေ့တွင် အမှန်ခြစ်ပါသော ရခိုင်အလံပေါ် သမ္မတကြီးပုံနှင့် ရခိုင်ရင်ထိုး တံဆိပ် တပ်ထားသော ဓာတ်ပုံနှင့် နောက် ကျောတွင် UN ကိုယ်စားလှယ် မစ္စတာ ကင်တာနာ ၏ ပုံကို ကြက်ခြေခတ်ထားသည့်ပုံများ ပါဝင်သော တီရှပ် ကို ဝတ်ဆင်၍ လမ်းလျှောက်မည် ဖြစ်ကြောင်း သိရသည်။ ဆန္ဒ ထုတ်ဖော်ပွဲကို တရားဝင်ပြုလုပ်သွားမည် ဖြစ်သည်ဟုလည်း ဆို သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။