ရွှေတိဂုံ စေတီတော်ကို နောက်ခံပြုလျက် မြန်မာနိုင်ငံ၏ ပထမဆုံးသော နှစ်သစ်ကူး ပွဲတော်ဆင်နွှဲရန် ဧရာမ ဒီဂျစ်တယ် ဘုတ်ကြီးတခုကို ယနေ့ မနက်အစောပိုင်းကတည်းက လုပ်သား အများအပြား စမ်းသပ် ပြင်ဆင်နေကြသည်။ နှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် အဓိက အထောက်အပံ့ပြုသည့် ကုမ္ပဏီမှာ Index Creative Village ဖြစ်ပြီး Forever Media group က ပါဝင်ပူးပေါင်းသည်။ ဒီလို လူအများ စုပေါင်း ဆင်နွှဲမှုမျိုးကို အရင် စစ်အစိုးရ လက်ထက်က ကန့်သတ်ပိတ်ပင် ထားခဲ့သည်။ ဤနှစ်သစ်ကူး ပွဲတော်တွင် အဆိုတော်များနှင့် အနုပညာရှင်များ၏ ဂီတပွဲများ၊ ရောင်စုံမီးဆလိုက်များ၊ အစားအသောက်များ၊ မီးရှူးမီးပန်းများနှင့် တခြား တင်ဆက်မှုများပါဝင်မည် ဖြစ်ပြီး လူ ငါးသောင်းကျော် ပါဝင်ဆင်နွှဲလိမ့်မည်ဟု ခန့်မှန်းထားကြောင်း သိရပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။