မြန်မာနိုင်ငံ၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အင်တာနက် Wifi အခမဲ့ အသုံးပြုနိုင်ရေး စီစဉ်နေကြောင်း သိရ သည်။ ပြိုင်ပွဲများကျင်းပရာ နေရာများနှင့် တည်းခိုနေထိုင်ရာ နေရာများတွင် ဆီးဂိမ်း အားကစားပြိုင်ပွဲ သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီ ပေးပို့သိရှိစေရန် ရည်ရွယ်ကြောင်း အစိုးရသတင်းစာများက ဆိုသည်။ ထိုသို့ အင်တာနက် ဝန်ဆောင်မှုပေး နိုင်ရေးအတွက် Cisco ကုမ္ပဏီနှင့် ပြည်တွင်းမှ ရွှေသံလွင်ကုမ္ပဏီတို့က ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ Red Link ကုမ္ပဏီ ကလည်း ရွှေသံလွင်ကုမ္ပဏီနှင့် နေရာများခွဲဝေကာ လုပ်ကိုင်ကြမည် ဖြစ်ကြောင်း၊ နေပြည်တော်နှင့်မန္တလေးမြို့များတွင် ရွှေသံလွင်က တာဝန် ယူမည် ဖြစ်ပြီး၊ Red Link က ရန်ကုန်နှင့် ငွေဆောင်တို့တွင် တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။