ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီးယား နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးသည်။ အလားတူ ဒုသမ္မတသည် ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland KOBIA နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။