ရန်ကုန်မြို့တွင်း ညအချိန်တွင် အရှိန်ပြင်းမောင်းနှင်သည့် ပြိုင်ကားများကို နေရာ ၁၂ နေရာ၌ ဖမ်းဆီးမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ပြိုင်ကားများကြောင့် အခြားယာဉ် မတော်တဆမှုများ ဖြစ်စေနိုင် ခြင်းကြောင့် စစ်ဆေးရေး တပ်ဖွဲ့ဝင်များကို ညဘက်တွင် တာဝန်ချသွားမည် ဖြစ်ကြောင်း၊ ပြည်လမ်း၊ မရမ်း ကုန်း၊ ရှစ်မိုင်၊ ပြည်လမ်း-ပါရမီ၊ ကမ္ဘာအေး-ပါရမီ၊ ချော်တွင်းကုန်း၊ အင်းစိန်၊ ခရေပင်လမ်းခွဲ၊ စမ်းချောင်း-မြေနီကုန်း၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ဓမ္မစေတီလမ်းများတွင် ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့ဝင်များပါ တာဝန်ချထားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။