တနိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းများကို ၂၀၁၄ ခုနှစ် မကုန်မီ အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးက မတ်လ ၄ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။ ယင်း လုပ်ငန်းများ ကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) တို့ကလည်း လျှပ်စစ်မီး ရရှိရေး၊ လျှပ်စစ် ဓာတ်အားပေးရေး ဘုတ်အဖွဲ့ကို စီးပွားရေး ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲဖွဲ့နိုင်ရေး လုပ်ငန်းများတွင် ကူညီပေးနေ ကြောင်း၊ လျှပ်စစ်သွယ်တန်းမှု ဆိုင်ရာ စီမံကိန်းကို ရေရှည် ထိန်းသိမ်းနိုင်ရေး ဦးတည် ရေးဆွဲထားကြောင်း ၎င်းက ပြောသည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးကိုလည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် IFC တို့ ဖေဖော်ဝါ ရီ ၂၆ ရက်က သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ နော်ဝေနိုင်ငံကလည်း နည်းပညာများ ကူညီပေးရန် ကမ်းလှမ်း ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။