မြန်မာနိုင်ငံတွင် နေစွမ်းအင်၊ ဘက်ထရီ( Hybrid )ဟိုင်းဘရစ် စွမ်းအင်နှင့် ဒီဇယ် ဂျင်နရေတာ စွမ်းအင်များ ပေါင်းစပ်ထားသည့် စွမ်းအင်ဆိုင်ရာ လုပ်ငန်းအစီအစဉ်အတွက် ကန်ထရိုက်လိုင်စင်တခုကို တရုတ်နိုင်ငံ ကူမင်းမြို့ အခြေစိုက် Cummins Power Generation (CPG )စွမ်းအင်အဖွဲ့က ရရှိသွားကြောင်း သိရသည်။ အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့် မူလပထမရရှိထားသူ Irrawaddy Green Towers (IGT )က တရုတ်ကုမ္ပဏီ CPGကို ထပ်ဆင့်ကန်ထရိုက် ပေးလိုက်ခြင်းဖြစ်ပြီး၊ ယမန်နေ့က မြန်မာနိုင်ငံတွင် Cell-Tower ဟု ခေါ်သည့် ဘက်ထရီစနစ်သုံး တာဝါတိုင် ၇၅၀ ကျော်ကို စိုက်ထူရေးအတွက် IGT နှင့် CPGတို့ အကြား လက်မှတ်ရေး ထိုးကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။