မြန်မာစစ်တပ်နှင့်ဘီလာရုစ် နိုင်ငံအကြား စစ်ဘက်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာ ကျွမ်းကျင် သူများ အရာရှိများ မွေးထုတ်ပေးရေး၊ ဘက်စုံလက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘီလာရုစ် သမ္မတတို့ တွေ့ဆုံဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ များတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး၊ နိုဝင်ဘာ ၃ရက်နေ့တွင် ဗိုရီဆော့မြို့ရှိ တင့်ကားစက်ရုံများသို့ သွားရောက်ကြည့်ရှုကာ ပစ်ခတ်မှု၊ ခရီးကြမ်းမောင်းနှင်မှု စွမ်းရည်ပြသခြင်းများကို ကြည့်ရှု့ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။