ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပထမအကြိမ် အသန့်ရှင်းဆုံးမြို့နယ်ဆုကို မြောက်ပိုင်း ခရိုင်မှ မရမ်းကုန်းမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ရရှိသွားကြောင်း သတင်း ရသည်၊ မြို့နယ်အတွင်း သန့်ရှင်းမှု ဆောင်ရွက်ရာတွင် အမှိုက်ပုံးများနှင့် အမှိုက်သိမ်းလှည်းများ ပူးပေါင်း ဆောင်ရွက်မှု၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှု၊ တိုင်စာ၊ ပစ်စာ ရရှိမှု၊ သန့်ရှင်းရေးလုပ်သားများအနေနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှု၊ သန့်ရှင်းရေး ဆောင်ရွက်သည့် ဝန်ထမ်းများအတွက် သက်သာချောင်ချိမှု စသည့် အချက်ပေါင်း ၃၀ နှင့် ညှိနှိုင်းပြီး ရွေးချယ်တာ ဖြစ်ကြောင်းသိရသည်။အသန့်ရှင်းဆုံး မြို့နယ်ဆုအတွက် ဆုငွေ ကျပ် ၂၅ သိန်းနှင့် သန့်ရှင်းရေး စွမ်းဆောင်ရည် ဆု လေးဆုအတွက် ကျပ် ငါး သိန်း ဖြစ်ပြီး နောက်ပိုင်းတွင် ယခုလို အသန့်ရှင်းဆုံးမြို့နယ်ဆုကို သုံးလတကြိမ် ပေးမှာ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။