• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာပြည်တွင် မျိုးသုဉ်းသွားပြီဟု ယူဆထားသောငှက် ပြန်လည်တွေ့ရှိ

by ဧရာဝတီ
10 March 2015
in သတင်း
A A
တိရိစ္ဆာန်, Jerdon's Babbler, မျိုးသုဉ်း

Jerdon's Babbler အမည်ရ ငှက်သည် စာကလေးနှင့် အရွယ်အစား တူညီသည် (ဓာတ်ပုံ - Wildlife Conservation Society)

1.9k
VIEWS
Share on FacebookShare on Twitter

ကာလကြာမြင့်စွာကပင် မျိုးသုဉ်း ပျောက်ကွယ်သွားပြီဟု ထင်ခဲ့ကြသည့် ငှက်တမျိုးကို မြန်မာနိုင်ငံတွင် ပြန်လည်တွေ့ရှိခဲ့ ရကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စု အခြေစိုက် သားရိုင်းတိရိစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Wildlife Conservation Society (WCS) က အသံသွင်းထားသည့် ငှက်သံကို အသုံးပြု၍ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

ညိုဝါရောင်ရှိသည့် Jerdon’s Babbler (သိပ္ပံအမည် Chrysomma Altirostre Altirostre) ငှက်သည် စာကလေး အရွယ် အစား ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ၁၉၄၁ ခုနှစ်က နောက်ဆုံးတွေ့ခဲ့ရသည်။ မျိုးသုဉ်းသွားပြီဟုလည်း ယူဆခဲ့ကြသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
16
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
621
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
83

ထိုငှက်ကို ၁၈၆၂ ခုနှစ်တွင် သဘာဝစူးစမ်းလေ့လာရေး ပညာရှင် ဗြိတိသျှနိုင်ငံသား Thomas Caverhill Jerdon က ရန်ကုန်အနီး မြက်ရိုင်းတောများတွင် တွေ့ရှိပြီး စတင်မှတ်တမ်းတင်ခဲ့ရာမှ Jerdon’s Babbler ဟု အမည်ရခဲ့သည်။

၂၀၁၄ ခုနှစ် မေလတွင် WCS က ပဲခူးတိုင်း မြစ်ကျိုးအနီးရှိ မြက်ရိုင်းတောထဲတွင် နေထိုင်ကျက်စားသောငှက် အမျိုးမျိုးကို သုတေသနပြုစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ နောက်ဆုံးထုတ်ပြန်ခဲ့သည့် Birding Asia အမည်ရှိ အစီရင်ခံစာအရ သိရသည်။

သိပ္ပံပညာရှင်များက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှု အများဆုံးဒေသများဖြစ်သည့် ဧရာဝတီမြစ်တလျှောက်တွင် အနည်း ငယ်ကျန်နေသေးသော မြက်ရိုင်းတော အချို့တွင် သုတေသနပြုလုပ်ရန် ရည်ရွယ်ထားခဲ့သည်။

အသုံးပြုခြင်း မရှိတော့သည့် စိုက်ပျိုးရေး စခန်းဟောင်းတခုအနီးမှ မြက်ရိုင်းတောငယ်တခုထဲတွင် Jerdon’s Babbler ငှက်၏ အသံဟု ယူဆရသော ထူးခြားသည့် အသံတခုကို သိပ္ပံပညာရှင်များ ကြားလိုက်ရပြီး အသံသွင်း ထားလိုက်နိုင်သည်။ ထို့ နောက် ပြန်ဖွင့်ပြခဲ့သည်။

“အသံဖွင့်ပေးထားတဲ့ ဆီကိုရောက်လာတဲ့ငှက်က လှပတဲ့ အရွယ်ရောက်ပြီး Jerdon’s Babbler ငှက်တကောင်ဖြစ် ပါ တယ်” ဟု WCS၊ မြန်မာနိုင်ငံမှ သဘာဝဝန်းကျင်နှင့် သား ငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန နှင့် စင်ကာပူ အမျိုးသား တက္ကသိုလ်တို့မှ ပညာရှင်များပါဝင်သော အဖွဲ့က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“နောက်ထပ် ၄၈ နာရီ အတွင်းမှာ အနီးပတ်ဝန်းကျင် နေရာတော်တော်များများမှာ ထပ်မံတွေ့ရှိခဲ့ရပြီးတော့ သွေးနမူနာနဲ့ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေရရှိဖို့ စီစဉ်နိုင်ခဲ့ပါတယ်” ဟု သူတို့က ပြောသည်။

သို့သော်လည်း Jerdon’s Babbler ငှက်များ ဆက်လက်ရှိနေရေးအတွက် အာမခံချက်ပေးနိုင်ရန် အလှမ်းဝေးနေဆဲဖြစ် ကြောင်း သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။ မြန်မာနိုင်ငံတွင် မြက်ရိုင်းတော အနည်းငယ်မျှသာ ကျန်ရှိတော့သောကြောင့် ဖြစ်သည်။

“အခု ရှာဖွေတွေ့ရှိမှုက မြန်မာနိုင်ငံမှာ ဒီမျိုးစိတ်တွေ ရှိနေဆဲပဲဆိုတာကို သာမက အခြေချ နေထိုင်နိုင်တဲ့ နေရာတွေ တွေ့နိုင်ဆဲပဲ ဆိုတာကိုပါ သက်သေပြနိုင်ခဲ့ပါတယ်” ဟု WCS ၏ စင်ကာပူ ရုံး ဒါရိုက်တာ Colin Poole က ကြေညာချက်တွင် ပြောသည်။

“အနာဂါတ်မှာ လုပ်ရမှာက ကျန်ရှိနေသေးတဲ့ သဘာ၀ မြက်ရိုင်းတောတွေကို ဖော်ထုတ်သတ်မှတ်ဖို့၊ ဒေသခံ အသိုင်း အဝိုင်းတွေက ဒါတွေကို ထိန်းသိမ်းဖို့နဲ့ အဲဒီကနေ အကျိုးကျေးဇူး ရရှိဖို့ အတွက်တွေ ဖြစ်ပါတယ်” ဟု သူက ထပ်ပြောသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး ပြီးဆုံးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အရပ်သားအမည်ခံ အစိုးရ အစားထိုး ဝင်ရောက်လာခဲ့သည်။ ထိုအချိန်မှ စ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဆက်တိုက်ပြုလုပ်ခဲ့ပြီး ယခင်က ဗိုလ်ချုပ် ကြီးများ အုပ်ချုပ်စဉ်အခါကထက် ပို၍ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများနှင့် ပညာရပ်ဆိုင်ရာ သုတေသီများကို တံခါးဖွင့် ပေးထားခဲ့သည်။

မြန်မာနိုင်ငံတွင် အခြားသော အရှေ့တောင်အာရှ ကုန်းတွင်းနိုင်ငံများထက် ငှက်မျိုးစိတ်များ ပိုမိုပိုင်ဆိုင်ထားသည်။ သိပ္ပံနည်းကျ လေ့လာမှုများ ပိုမိုပြုလုပ်နိုင်ပါက ငှက်မျိုးစိတ်များ ထပ်မံတွေ့ရှိနိုင်ဖွယ်ရှိသည်ဟုလည်း ငှက်ပညာရှင်များက ပြောကြသည်။

Your Thoughts …
Tags: Wildlife
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆင်, အလုပ်လက်မဲ့, သစ်လုပ်ငန်း, တိရိစ္ဆာန်

ဝပြီး မုန်ယိုလာတဲ့ အလုပ်လက်မဲ့ မြန်မာ့ဆင်များ

by သောမတ်စ်ဖူလာ
20 February 2016
6.9k

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဖမ်းဆီး အသုံးချသည့် ဆင်ယဉ် အများဆုံးနိုင်ငံလည်း ဖြစ်သည်။ ယခုအခါတွင် ဆင် ၅၅၀၀ ၏ ရှေ့ရေးက ၎င်းတို့ကို ကြီးကြပ်ရသော အစိုးရတာဝန်ရှိသူများအတွက်လည်း ခက်ခဲသည့် ပြဿနာတခု ဖြစ်လာပါသည်

ထိန်းသိမ်းရမယ့် ရှားပါးမျိုးစိတ်များနဲ့ မိန်းမလှကျွန်း

ထိန်းသိမ်းရမယ့် ရှားပါးမျိုးစိတ်များနဲ့ မိန်းမလှကျွန်း

by ဘိုကလေး
5 June 2014
8.1k

“သူတို့ကို တွေ့ဖို့တော့ မလွယ်လှဘူး၊ ညဘက် ကျမှသာ သားကောင် ရှာချိန်ဖြစ်လို့ သူတို့ မျက်စိ အလင်းရောင်ကို ရောင်ပြန် မြင်နိုင်မယ့် ဓာတ်မီးတွေနဲ့ ထိုးကြည့်ပြီး တွေ့မှ အနီးကပ် ကြည့်လို့ရမှာ၊ နေ့ဘက် ဆိုရင်တော့ လှေသံ...

Tiger Temple

ကျားသားရေ နဲ့ လုပ်ထားတဲ့ အဆောင်လက်ဖွဲ့များ Tiger Temple မှ သိမ်းဆည်းရမိပြန်

by ဧရာဝတီ
2 June 2016
28.9k

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နာမည်ကျော် Tiger Temple (ကျားကျောင်း)အတွင်းမှ ဘုန်းကြီးတပါးနှင့် တပည့် ၂ဦး လိုက်ပါလာသည့် ပစ်ကပ်ကားတစီးကို အာဏာပိုင်တို့က ရှာဖွေရာ ကျားသားရေဖြင့် ပတ်ကာ ထည့်သွင်း ပြုလုပ်ထားသည့် အဆောင်လက်ဖွဲ့ ၁၀၀၀ကျော်၊ ကျားစွယ်...

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
8.3k

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်...

ကြောင် ထိန်းသိမ်းရေး, သန်လျင် , ရန်ကုန် , ပရဟိတ

သန်လျင်က လေလွင့်ကြောင်ကလေးများ စောင့်ရှောက်ရေး စခန်း

by မေစစ်ပိုင်
9 February 2016
6.3k

အဲဒီ အလျား ၁၅ ပေ၊ အနံ ပေ ၄၀ လောက် ကျယ်ဝန်းတဲ့ အိမ်ထဲက စခန်းမှာ ပိုင်ရှင်ဖြစ်သူတွေက စွန့်ပစ်ထားတဲ့ ကြောင်တွေ၊ ရန်ကုန်မြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ဘုရားတွေမှာ လာရောက် စွန့်ပစ်ခံထားရတဲ့ကြောင်တွေ နဲ့...

စားကျက်ပျောက် ဆင်ရိုင်းနဲ့ လယ်ယာပျောက် လူသားများ

စားကျက်ပျောက် ဆင်ရိုင်းနဲ့ လယ်ယာပျောက် လူသားများ

by စနေလင်း
12 October 2014
5.9k

အမြင့် ၁၀ ပေကျော်ရှိတဲ့ ဆင်ကြီးက ဒီ ဒေသမှာ လူနင်းသတ်ခဲ့တာ ၁၂ ယောက်လောက်ရှိပြီ။ တောဆင်ရိုင်း တွေ လူနေတဲထဲကို လာတယ်ဆိုတာ တဲထဲက ဆန်၊ ငါးပိနဲ့ ဆားတို့ကို လာစားတာ။

Next Post
လက်ပံတောင်း, ဦးပိုင်, တရုတ်

လက်ပံတောင်း သို့မဟုတ် လောင်ကျွမ်းနေသော မြေယာများ

လက်ပံတောင်း, ဦးပိုင်, ဟန်ဝင်းအောင်

ပြေးရင်း ရှောင်ရင်း လက်ပံတောင်းအရေး ဟန်ဝင်းအောင်ရဲ့ အမြင်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate