မနေ့က ထိုင်းတောင်ပိုင်း အက်ဒမန်ပင်လယ်အတွင်း မျောနေသည့် ရိုဟင်ဂျာ ၃၀၀ ခန့်သယ်ဆောင် လာသည့် လှေတစင်းကို ထိုင်းရေတပ်က ရေနဲ့ စားနပ်ရိက္ခာချပေးပြီး ပင်လယ်ပြင်သို့ ပြန်လည် ထွက်ခွာသွားစေခဲ့ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ်က ထွက်လာတဲ့ လှေစီးဒုက္ခသည်တွေကို ထိုင်းနိုင်ငံက တရားဝင်စခန်းဖွင့် လက်ခံပေးမယ်လို့ ဆိုပေမယ့် ဒုက္ခသည်များက ထိန်းသိမ်းခံရမည်ကို စိုးရိမ်တဲ့အတွက် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုသာ ခရီးဆက်လိုတဲ့အတွက် ပင်လယ်ပြင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းရေတပ်က ဆိုပါတယ်။ လှေစီးဒုက္ခသည်များ ပြဿနာဟာ မြန်မာ၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ မလေးရှား ဘင်္ဂလားဒေရှ်၊ ဗီယက်နမ်တို့ကို ရိုက်ခတ်လာနိုင်ပြီး၊ ဒီပြဿနာကိုဖြေရှင်းဖို့ လာမည့် မေ ၂၉ရက်နေ့မှာ ဘန်ကောက်မှာ ဆွေးနွေးပွဲတရပ်ကျင်းပမယ်လို့သိရပါတယ်။ မြန်မာအစိုးရ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်ကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီကို ထွက်ခွာနေသည့် လှေစီးဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ အမည်တပ်ပြောဆိုနေမယ်ဆိုရင် သူတို့အနေနဲ့ ဆွေးနွေးမှာမဟုတ်ကြောင်း VOA သတင်းနဲ့ တွေ့ဆုံခန်းမှာ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုကလည်း ဒေသတွင်းနိုင်ငံတွေအနေနဲ့ လှေစီးဒုက္ခသည်တွေကို ကူညီဖို့ တိုက်တွန်းခဲ့ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။