ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် တားဆီးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၅၉(စ)ကို မူလ အ တိုင်း ထားရန်နှင့် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လျှင် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာအပေါ် ဆိုးကျိုး သက် ရောက် နိုင်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စိုးက ယနေ့ ပြည်ထောင်စုလွှတ် တော် အစည်း အဝေးတွင် သတိပေးလိုက်သည်။
“မည်သည့်နိုင်ငံကမှ ကြိုးကိုင်ချယ်လှယ်မှု မပြုစေနိုင်ရေးမှာ မိမိတို့နိုင်ငံနဲ့လူမျိုးရဲ့ ကံကြမ္မာကို မိမိတို့က ဖန်တီးနိုင်ရေး ဟာ အဓိကကျပါတယ်။ သွေးနှောသူ နိုင်ငံသားများက နိုင်ငံတော်ရဲ့ အရေးအရာကို စီမံခန့်ခွဲလုပ်ဆောင်၊ အုပ်ချုပ်ရေး ကဏ္ဍ မှာ ဝင်ရောက်လာပါက နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာပေါ်မှာ ဆိုးကျိုးများ သက်ရောက်လာ မှာ ဖြစ်ပါ တယ်။ ပထဝီအနေအထားအရ အရေးကြီးတဲ့နေရာမှာ တည်ရှိနေတဲ့ ကျနော်တို့နိုင်ငံရဲ့ အရေးကိစ္စ အားလုံး အား အရှည် ကိုမျှော်တွေးပြီးတော့မှ ဆုံးဖြတ်သင့်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ အလျော့ပေးမှု၊ ဘက် လိုက်မှု ကင်းစွာနဲ့ ဆက်လက်ရပ်တည်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို မူလအတိုင်းသာထားရှိသင့်ကြောင်း တင်ပြ အပ် ပါတယ်” ဟု ဗိုလ်မှူးချုပ်တင်စိုးက ပြောသည်။
နိုင်ငံတော်၏ သမ္မတအဖြစ် ဆောင်ရွက်မည့်သူများနှင့် ၎င်း၏မိသားစုဝင်များသည် တိုင်းတပါး၏ ကျေးဇူးသစ္စာခံ နေရသူ များ ဖြစ်ပါက တိုင်းပြည်သည်လည်း သွယ်ဝိုက်သည့်နည်းဖြင့် နိုင်ငံခြား၏လက်အောက် ခံဖြစ်သွားမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် နိုင်ငံတော်အကြီးအကဲအဖြစ်လည်းကောင်း၊ အမျိုးသားခေါင်းဆောင်အဖြစ် လည်းကောင်း၊ အမျိုးသား အကျိုး စီးပွား ကို ဦးလည်မသုန် ဆောင်ရွက်မည့်ပုဂ္ဂိုလ် ဖြစ်ရမည့်အပြင် တိုင်းရင်းသား ပြည် သူလူထုကြီး၏ သံသယကင်းစွာဖြင့် ယုံကြည် ကိုးစားမှုရရှိပြီး စီမံအုပ်ချုပ်နိုင်ရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံခြားသား များနှင့် တနည်းတဖုံမပတ်သက်သည့် လုံး၀ ကင်းရှင်းသည့်သူဖြစ်မှသာလျှင် စီမံခန့်ခွဲမှုအပိုင်း၌ သံသယကင်းရှင်းပြီး ယုံကြည် ကိုးစားမှု အပြည့် အ၀ ရရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၅၉(စ) တွင် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော်လည်း ကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦး သော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော် ကို ခံယူစောင့်ရှောက် ရိုသေသူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတပါး နိုင်ငံသားမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များကမူ ပုဒ်မ ၅၉ (စ) လုံး၀ ပယ်ဖျက်ရန် တောင်းဆိုကြသည်။
“၄၃၆ လိုပုဒ်မမျိုးနဲ့ ၅၉(စ)လို ပုဒ်မမျိုးတွေကို လုံလုံလောက်လောက် မပြင်ဘဲနဲ့တော့ ၂၀၁၅ အထွေထွေရွေးကောက် ပွဲကြီး ဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မပြိုင်ခင်ကတည်းက အသာစီးယူထားတယ်။ ပြီးတော့ ဒီမိုကရေစီခေါင်းဆောင်ကို သမ္မတမဖြစ်အောင်လို့ ကြိုတင်ပိတ်ပင်ထားတယ်။ ဒါ မျှတလား ဒါလွတ်လပ်လားဆိုတာ မေးနေဖု့ိတောင်မလိုပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ် ဦးနိုင်ငံလင်းက ပြောဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်များက ပုဒ်မ ၅၉ (စ)တွင် လွှတ်တော် ဥပဒေကြမ်း ကော်မတီ ၏ ပြင်ဆင်ချက်ဖြစ်သည့် ‘ထိုတရားဝင် သားသမီး တဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း’ ဆို သည့် စကားရပ်ကိုသာ ဖြုတ်ပယ်သင့်သည်ဟု ပြောဆိုကြသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ဒုတိယနေ့ဆွေးနွေးပွဲကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၁၈ ဦး ပါဝင်ဆွေးနွေးကြကြောင်း၊ ဆွေးနွေးရန်ကျန်ရှိသေးသည့် လွှတ် တော် ကိုယ်စားလှယ်များက ဇွန် ၂၅ ရက်တွင် ဆက်လက်ဆွေးနွေးပြီးနောက် ပုဒ်မတခုချင်းစီအလိုက် အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း သိရှိရသည်။