ယနေ့ ကရင်ပြည်နယ် ဘားအံမြို့ ပြည်ထောင်စု ခန်းမတွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့အကြား မြဝတီမြို့နှင့် ကော့ကရိတ် မြို့ကြားတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ် တန့်နိုင်သည်အထိ ပြေလည်ရန် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ဟု သတင်းရရှိသည်။ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် DKBA မှ ဗိုလ်မှူးကြီး စောမောင်လေး က“တပ်ဘက်က ဗိုလ်မှူးကြီး တယောက်ပဲ လာတယ်၊ DKBA ဘက်ကတော့ ညှိဖို့ မေတ္တာရပ်ခံတယ်လို့ ပြော လိုက်ပါတယ်၊ တိုက်ပွဲ အပြီးသတ် ရပ်ဖို့ အခြေအနေလောက်ထိ ဘာမှ မညှိလိုက်ရဘူး၊ သူတို့ဘက်က ဒီရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ မျှော်လင့်ထားတယ်”ဟု ပြောသည်။ ဆွေးနွေးပွဲတွင် တိုက်ပွဲကိစ္စကို အကျယ်တဝင့် ဆွေးနွေးနိုင်ခြင်းမရှိဘဲ အာရှ လမ်းမကြီးနှင့် ဆိုင်သည့် ကိစ္စရပ်များကိုတော့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အကျယ်တဝင့် ပြောပြခဲ့သည်ဟုလည်း သိရသည်။ တပ်မတော်နှင့် DKBA သည် ဇူလိုင်လ ၂ ရက်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့နှင့် မြဝတီမြို့အကြား ရှိ DKBA စခန်းများ ရှိသည့် နေရာ ၇ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း DKBA က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။