• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တိုက်ပွဲကြောင့် ပူတာအို ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးရှောင်နေရ

by နန်းဆိုင်နွမ်
20 July 2015
in သတင်း
A A
ပူတာအို, စစ်ရှောင် ဒုက္ခသည်, KIA

၂၀၁၃ ခုနှစ်အတွင်းက တွေ့ရသော ကချင်ပြည်နယ် မန်စီမြို့နယ် တရုတ်နယ်စပ်အနီး ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည် ကလေးငယ်တဦး ထင်းရှာဖွေပြီး ပြန်လာစဉ် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

3.8k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)တို့ကြား ဇွန်လမှ စတင်ပြီး ဇူလိုင်လ ၁၈ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် စစ်ရှောင် ဒုက္ခသည် ၁၀၀၀ ကျော် ရှိကြောင်း သတင်း ရရှိသည်။

တိုက်ပွဲများကြောင့် ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ဒေသခံများသည် တောထဲတွင် ခိုလှုံနေရပြီး လမ်းပိုင်း လုံခြုံရေးကိုလည်း စိုးရိမ်ရသဖြင့် ဒုက္ခသည်များကို သွားရောက် ကူညီမှု ဆိုင်းငံ့ထားရကြောင်း ယင်း ဒုက္ခသည်များကို ကူညီနေသော မြစ်ကြီးနားမြို့ ကချင် နှစ်ခြင်း အသင်းတော် အဖွဲ့အစည်း (KBC)မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမာရော်က ယနေ့ ဧရာဝတီသို့ ပြောသည်။

RelatedPosts

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
463
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
74
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
59

ဦးလမာရော်က“တောထဲမှာ သူတို့ ယာယီ တဲလေးတွေ ရှာကြံပြီးမှ မိုးတောထဲမှာ ဒုက္ခ ခံနေရတုန်းပါပဲ။ မူလတန်းလွန် ကျောင်း ၅ ကျောင်းနဲ့ မူကြိုကျောင်း ၅ကျောင်းက ကလေးတွေ တောထဲ ရောက်နေတယ်။ စားနပ်ရိက္ခာ ပြတ်လပ်လာ တယ်။ ကျန်းမာရေး ချို့တဲ့ လာတယ်။ အဲဒါကြောင့် နည်းလမ်းရှာပြီး လာရောက် ကူညီကြပါ”ဟု ပြောသည်။

ဒုက္ခသည် ၁၀၀၀ ကျော်ကို ကူညီရန် ဆန်အိတ် ၂၀၀၊ ဆီ ၁၀ ပုံး၊ ကုလားပဲ ၁၀ အိတ်နှင့် မိုးကာများ စီစဉ်ထားသော်လည်း သက် ဆိုင်ရာ အာဏာပိုင်များက ကုန်းလမ်းဖြင့်သာ ခွင့်ပြုသဖြင့် လမ်းခရီး မပေါက်သည့်အတွက် ဆိုင်းငံ့လိုက်ရကြောင်း KBC က ပြော သည်။

တိုက်ပွဲများကြောင့် ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ မလိယန်၊ ဂျာရာယန်၊ အင်ထန်းဇွပ်၊ ဖုန်းအိုက်ယန် စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော် တောထဲသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

KIA ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင်က “လက်ရှိ ဒုက္ခသည်တွေကို အကူအညီပေးဖို့ အခက်အခဲ ဖြစ် နေတယ်။ အဲဒီနေရာက ရေကြောင်းလမ်းနဲ့ဆို ၅ ရက်လောက် သွားရတယ်။ ကုန်လမ်းနဲ့ကတော့ မိုးတွင်းမို့ မစဉ်းစားနဲ့။ အဲဒီနေရာ က ဆွမ်ပရာဘွမ် နဲ့ ၁၂ ကီလိုမီတာလောက်ပဲ ဝေးတယ်”ဟု ပြောသည်။

အစိုးရ တပ်မတော်သည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမတွင် တပ်အင်အားဖြည့် လုံခြုံရေး တင်းကျပ်ထားပြီး ဇူလိုင် ၁၁ ရက် နောက်ပိုင်းဖြစ်သည့် တိုက်ပွဲများတွင် KIA က ၄ ဦး ဒဏ်ရာ ရရှိပြီး တဦးမှာ ပျောက်ဆုံးနေကြောင်း ဗိုလ်မှူးကြီး ဇော်တောင်က ပြောပြသည်။

ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက“ဒီလ ၁၃ရက်နေ့က KIO ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့ဘက် ကတော့ စာရေးပြီး ကမ်းလှမ်းထားတာ ရှိပါတယ်။ ဒါပေမယ့် အစိုးရဘက် ပဋိပက္ခမှာ ပါဝင်တဲ့သူတွေ မစုံလို့ဆိုပြီး ဆွေးနွေးပွဲ မစနိုင် သေးဘူး။ ဆွေးနွေးပွဲ စနိုင်ရင်တော့၊ ဘာကြောင့် ဖြစ်တယ်ဆိုတာ ညှိနှိုင်းရင်တော့ အဆင်ပြေ သွားနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရ တပ်မတော်နှင့် KIAတို့ကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစတင်ပြီး တိုက်ပွဲများ ယနေ့အချိန်ထိ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး လမ်းများ ပျက်စီးခဲ့ရပြီး ဒုက္ခသည်ဦးရေ သိန်းချီ ရှိနေကြောင်း သိရ သည်။

Your Thoughts …
Tags: Refugee
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

by လင်းသန့်
27 December 2012
13.9k

သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်သို့ ပြောင်းရွှေ့လာသူများ အခက်အခဲရှိဆဲ

by ငြိမ်းချမ်း
30 May 2013
2.4k

စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသူများသည် ပလက်ဝ ဒေသမှ ကျောက်တော် ဒေသသို့ ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို လူဦးရေစာရင်း ကောက်ခံနေဆဲ ဖြစ်၍ အထောက်အပံ့ရိက္ခာ မပို့ဆောင်နိုင်သေးကြောင်း ဦးဝင်းမြိုင်က ဆိုသည်။

အာဏာရှင်တွေ တဝင်းဝင်း၊ ဒီမိုကရေစီတွေ တဖြုတ်ဖြုတ်

အာဏာရှင်တွေ တဝင်းဝင်း၊ ဒီမိုကရေစီတွေ တဖြုတ်ဖြုတ်

by ညီစောလွင်
14 September 2013
4.4k

ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အာဏာရှင်ကို ဖြုတ်ချဖို့ လိုတာ မှန်ပါတယ်။ ဒါပေမယ့် အာဏာရှင်ကို ဖြုတ်ချနိုင် တိုင်းလည်း ဒီမိုကရေစီ မရနိုင်ပါဘူး။ ဒုတိယ တဆင့် ဒီမိုကရေစီ တည်ဆောက်ရေးမှာ အာရပ်နိုင်ငံတွေ အားလုံး ၀ရုန်းသုန်းကား...

နိုင်ငံသစ်မှာ မလွတ်မြောက်နိုင်သေးသူများ

နိုင်ငံသစ်မှာ မလွတ်မြောက်နိုင်သေးသူများ

by ကိုညို (အော်စလို)
10 November 2012
19.5k

နော်ဝေ နိုင်ငံသား ခံယူလိုက်လို့ ကျနော့်မှာ ဂုဏ်တွေ တက်နေတယ် လို့လည်း မခံစားမိပါဘူး၊ ကိုယ့် မွေးမိခင်ရင်းနဲ့ ခွဲခွာလိုက်သလို ပါပဲ

ထိုင်းနိုင်ငံ, စစ်အစိုးရ, ဒုက္ခသည် စခန်းများ, ထိုင်း - မြန်မာနယ်စပ်, ရွေ့ပြောင်း အလုပ်သမားများ

ဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း အာဏာပိုင်များ စီစဉ်နေ

by ခင်ဦးသာ
19 June 2014
3.5k

“ကျနော်တို့ ဆီကို အကြောင်း ကြားတာ၊ ဆွေးနွေးတာ တစုံတရာ မရှိသေးပါဘူး၊ ပြန်မယ် ဆိုရင်တောင် ဒုက္ခသည်တွေ အနေနဲ့လည်း အဆင်သင့် မဖြစ်ကြ သေးတော့ မပြန်ချင် ကြသေးတဲ့ သူတွေများတယ်၊ မြန်မာ ပြည်တွင်းမှာ ဘာပြင်ဆင်မှုမှ...

အုန်းပြန့် ဒိုင်ယာရီ

အုန်းပြန့် ဒိုင်ယာရီ

by လင်းသန့်
2 March 2013
4.5k

သူတို့တွေကတော့ စခန်းတွင်းမှာ အမှိုက်ကောက်ပြီး ပြန်ရောင်းကြတယ်။ အုန်းပြန့် ဒုက္ခသည် စခန်းတွင်းက အရွယ် မရောက်သေးတဲ့ ကလေး ငယ်တွေဟာ တကယ်လည်း အနာဂတ် မဲ့နေကြပါတယ်။

Next Post
သူရဲကောင်း, မီးသတ်, ကြက်ခြေနီ, အများပြည်သူ

ပြည်သူ့ သူရဲကောင်းများ ထွန်းကားပါစေ

သမ္မတ, ဦးသိန်းစိန်, ငပုတော, ရွေးကောက်ပွဲ

သမ္မတဦးသိန်းစိန် ငပုတောကနေ ရွေးကောက်ပွဲ ဝင်မှာလား

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.2k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate