ထိုင်း-မြန်မာအကြား ဗီဇာကင်းလွတ်ခွင့်ပြုရန် စီစဉ်နေ
This article has been converted from Zawgyi One to Unicode
ထိုင်းနှင့် မြန်မာအကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို ပြုမည့်အစီအစဉ်ကို ထိုင်းအစိုးရက မနေ့က အတည်ပြုလိုက်ကြောင်း Bangkok Post သတင်းတွင် ရေးသားထားသည်၊ ယင်းအစီအစဉ်အရ လေကြောင်းခရီးလာရောက်သည့် ၂နိုင်ငံ ခရီးသွားများကို ၁၄ရက် နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး ယင်းအစီအစဉ်ကို ထိုင်းဒု ဝန်ကြီးချုပ် နိုင်ငံခြားရေး ဝန်ကြီး တန်နာဆက် ပါတီမခွန်က တာဝန်ယူလုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။ ထိုသဘောတူညီချက်ရရှိခဲ့ပါက မြန်မာခရီးသွားအနေဖြင့် ထိုင်းနိုင်ငံလေဆိပ် ၂၃ခုမှ တနိုင်ငံလုံးသို့ သွားလာနိုင်မည်ဟုလည်း ရေးသားထား သည်၊ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကလည်း လာမည့် ၂၈ ရက်နှင့် ၂၉ရက်နေ့တွင် နှစ်နိုင်ငံ ပူးတွဲကော်မတီအစည်းအဝေးတွင် ဗီဇာကင်းလွတ်ခွင့်ကိစ္စကို နှစ်နိုင်ငံဆွေးနွေးမည်ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ အသေးစိတ်ဆွေးနွေးအတည်ပြုပြီး လက်မှတ်ရေးထိုးရန် ကျန်ရှိနေကြောင်း မကြာမီ ခွင့်ပြုနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။