ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ ဂုတ်ထိပ်တံတား၏ ယာဘက် မီတာ ၅၀၀ ခန့်အကွာတွင် တံတား အသစ် တစင်းတည်ဆောက်ရန် Oriental Highway ကုမ္ပဏီက ရာထားနေကြောင်း၊ ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က နောင်ချိုမြို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီသို့ မန်နေဂျာ ဦးဌေးတင့်က တင်ပြခဲ့ခြင်းဖြစ်ပြီး ယခုအခါ မြေတိုင်းတာမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သူကဆိုသည်။ ကျောက်မဲနှင့် နောင်ချိုဒေသခံများအဆိုအရ Oriental Highway ကုမ္ပဏီဆိုသည်မှာ ရှမ်းပြည်နယ်တွင် လမ်းတံတားလုပ်ငန်းများလုပ်ဆောင်နေသည့် Asia World ကုမ္ပဏီခွဲတခုဖြစ်သည်ဟု သိရသည်။ လက်ရှိ ဂုတ်ထိပ်တံတားကို ၁၈၉၉ – ၁၉၀၀ ခုနှစ်က အင်္ဂလိပ် အင်ဂျင်နီယာ ဆာအာသာ ရန်ဒယ် က စတာလင်ပေါင် ၁ သိန်း ၁သောင်း ကျော် အကုန်အကျခံ၍ သံမဏိတိုင် ၁၆ တိုင်ဖြင့် တည်ဆောက်ခဲ့ ခြင်း ဖြစ်ပြီး ပေအရှည် ၂၂၆၀ ရှိကာ အမြင့်ဆုံးတိုင်မှာ ပေပေါင်း ၈၀၀ ကျော် မြင့်ကာ ယခုအခါ နှစ်ပေါင်း ၁၁၅နှစ်ခန့်ရှိပြီဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။