တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ ထိုင်ဝမ်သမ္မတ မာယင်းဂျောင်နဲ့ လာမည့် စနေနေ့မှာ စင်ကာပူနိုင်ငံမှာ တွေ့ဆုံမယ်လို့ ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ၁၉၄၉ ခုနှစ် ကွန်မြူနစ်တွေ တရုတ်ပြည်မှာ အာဏာရလာပြီး နောက်ပိုင်း ပထမဆုံး အကြိမ် တွေဆုံခြင်းဖြစ်ပါတယ်။
ပြည်မကြီးနဲ့ ထိုင်ဝမ်သမ္မတတို့ တွေ့ဆုံရာမှာ နှစ်နိုင်ဆက်ဆံရေးဖွံဖြိုးတိုးတက်ရေး အမြင်ဖလှယ် ဆွေးနွေးသွား မည်ဟု သိရပါတယ်။
BBC သတင်းမှာတော့ ဒီတွေ့ဆုံမှုအတွင်းမှာ ခေါင်းဆောင်နှစ်ဦးဟာ မည်သည့် သဘောတူညီချက်မှ လက်မှတ် ထိုးမှာ မဟုတ်သလို၊ ပူးတွဲကြေညာချက်လည်း ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင်ဖျင်ဟာ မကြာသေးမီက အမေရိကန်ကို သွားရောက်ကာ ဆက်ဆံရေးပြန်လည် ထူ ထောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၈ဘီလျံတန်ဘိုးရှိ ဘိုးရင်းလေယာဉ် အစင်း ၃၀၀ ဝယ်ယူခဲ့သလို ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး ရံပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁ဘီလျံ(သန်း၁၀၀၀)လှူဒါန်းခဲ့ပါတယ်။
ဒါအပြင် ဗြိတိန်နိုင်ငံကို သွားရောက်စဉ်ကလည်း ကော်ဇောနီခင်းကြိုဆိုခံခဲ့ရပါတယ်။
ဒါထက် ထူးခြားတာကတော့ စစ်အစိုးရကို တလျှောက်လုံး ထောက်ခံခဲ့တဲ့ တရုတ်ဟာ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ ဖိတ်ကြားခဲ့ခြင်းဖြစ်ပါတယ်။